top of page

မိမိရဲ့ အလုပ်ချိန်အားစတင်ခြင်း 

ဘိုကင် ပြုလုပ်ထားသည့် အလုပ်ချိန်မတိုင်မှီ ၃၀ မိနစ် အလိုမှာ သတ်မှတ်ထားသည့် ဇုန်အတွင်းသို့ အချိန်မှီရောက်နေရှိရပါမည်။ ပြီးသည့်နောက် ဖော်ပြပါပုံအတိုင်း ''I'm Available'' ကိုနှိပ်ပြီး  သင့်ရဲ့အလုပ်ချိန်ကို စတင်နိူင်ပါပြီ။

(ရမှတ်ရရှိမှုတွင် အလုပ်ချိန်နောက်ကျဝင်ရောက်ခြင်းအား ထည့်သွင်းတွက်ချက်တာကြောင့် ဘိုကင်
လုပ်ထားသည့် အလုပ်ချိန်အားနောက်မကျစေဘဲ အချိန်မှီအလုပ်ဝင်ရောက်ရန် သတိပြုစေချင်ပါတယ်)

Shift.png

ဘိုကင်ယူထားတဲ့နေ့မှာ    သင့်ရဲ့အလုပ်ချိန်ကို
အခုလိုမြင်တွေ့ရပါမယ်!

ဘိုကင် ယူထားတဲ့ အလုပ်ချိန်မတိုင်ခင် ၃၀ မိနစ်အလိုမှာ အခုလို ''Start'' ခလုတ်ပေါ်လာပြီး အလုပ်စတင်ဖို့အတွက် ဖော်ပြပါအချက်များအား ဖြည့်စွက်ပြီး ''Start''ကိုနှိပ်ပေးပါ။ ''Ready'' ဟု ပြောင်းလဲဖော်ပြသွားပါက အလုပ်စတင်ရန် အဆင်သင့်ဖြစ်ပါပြီ !

Rider info-Recovered-Recovered.png
Rider info-Recovered-Recovered.png

အချက်အလက်များအားဖြည့်စွက်ပြီး ''Start'' ကိုနှိပ်ပါ!

Rider info-Recovered-Recovered.png

အလုပ်စတင်ရန် အဆင်သင့်ဖြစ်နေပါပြီ!

အလုပ်စတင်မည့်အချိန်ရောက်သည့်အခါ ဖော်ပြပါပုံအတိုင်း Status မှာ ''Working'' ဟု ပြောင်းလဲသွားပါက အော်ဒါစတင်ဝင်လာတော့မှာဖြစ်သည်။ 

Rider info-Recovered-Recovered.png

အော်ဒါလက်ခံခြင်း 

အော်ဒါလက်ခံခြင်း 

ဖော်ပြပါပုံအတိုင်း အော်ဒါဝင်လာပြီဆို သတ်မှတ်ချိန်အတွင်း ''Accept''  ပြုလုပ် လက်ခံပြီး အော်ဒါအား ဆိုင်လိပ်စာအတိုင်း သွားရောက်ယူဆောင်ရပါမည်။ (ဆိုင်လိပ်စာအား ''Map'' ကိုနှိပ်ပြီး Google Map မှတဆင့်လည်း သွားရောက်နိူင်သည်)

Incoming Order1.png

ဆိုင်သို့ အော်ဒါအား သွားရောက်ယူဆောင်ခြင်း

အော်ဒါယူဆောင်ရမည့် ဆိုင်သို့ ရောက်ရှိသည့်အခါ ဆိုင်ရှင်/ဝန်ထမ်းအား  အော်ဒါ ID/ အမှတ်နှင့်အတူ foodpanda မှ အော်ဒါလာယူသည့်အကြောင်း ပြောပြပြီး အော်ဒါအား ယူဆောင်ပါ။ 

(အော်ဒါယူပြီး ဆိုင်မှမထွက်ခွာမှီ မှာယူသည့်အော်ဒါအား အော်ဒါ ID အမှတ်မှန်/မမှန်၊ အော်ဒါပစ္စည်း အရေအတွက် စုံလင်မှုရှိ/မရှိ သေချာစစ်ဆေးပြီးမှ  ''PICKED UP'' ခလုတ်အားနှိပ်ပြီး ထွက်ခွာပါ)

Picked up.png

ဆိုင်မှ အော်ဒါယူပြီးသည့်အခါ
''PICKED UP'' ကိုနှိပ်ပါ!

ဆိုင်မှမထွက်ခါခင် ပို့ဆောင်ရမည့်လိပ်စာအား အတည်ပြုမေးမြန်းခြင်း

ဆိုင်မှ အော်ဒါအား စစ်ဆေးယူဆောင်ပြီးသည့်အခါ မှာယူသူဘက်သို့ စကားပြောဆိုဆက်သွယ်နိူင်သည့် ဖော်ပြပါ Chat မှတဆင့် အခုလို Message ပေးပို့၍ အတည်ပြုပါ။ 
(အခြားအနေနဲ့ Roadrunner အက်ပ်ရဲ့ Map ကိုနှိပ်ပြီး ပို့ဆောင်ရမည့်နေရာနှင့် အချက်အလက်များကို ကြည့်ရှူ့နိူင်ပါသည်)

''မင်္ဂလာပါ! foodpada rider ပါ။ အော်ဒါလာပို့တော့မှာဖြစ်လို့ မြန်မြန်ရောက်အောင် လာပို့လို့ရနိူင်မယ့် လိပ်စာလေး အတိအကျသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်''

Dropped Off.png

တစ်ခါတစ်ရံ မှာယူသူဘက်မှ မြန်မြန်ရောက်အောင်ပေးပို့နိူင်မယ့် လိပ်စာအတိအကျကို ထည့်သွင်းပေးထားတတ်လို့ Chat မှ Message ပေးပို့မဆက်သွယ်ခင် အခုလိုမျိုးအော်ဒါမှာ သတိပြုကြည့်ရှူ့ပေးပါ။ 

address.png

ပို့ဆောင်ပေးရမည့်နေရာသို့ ရောက်ရှိခြင်း

ပို့ဆောင်ရမည့်နေရာသို့ ရောက်ရှိပါက အရင်ဆုံး Chat ကိုအသုံးပြု၍ မှာယူသူထံ မှာယူထားသည့် အော်ဒါရောက်ရှိပြီဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပါ။ မှာယူသူဘက်မှ အကြောင်းပြန်စာ မရောက်ရှိလာပါက နားကြပ်ပုံအားနှိပ်ပြီး Order ID နံပါတ်နှင့် အတူ Dispatcher သို့ ဆက်သွယ်ပြောပြနိူင်ပါတယ်။

 

ပို့ဆောင်သူဘက်မှလည်း မှာယူသူ၏အမည်နေရာအား နှိပ်၍ ဖုန်းခေါ်ဆိုမှုပြုလုပ်နိူင်ပါသည်။ [မှာယူသူဘက်မှ မည်သည့်အကြောင်းပြန်မှုတစ်စုံတစ်ရာ မရရှိမှသာ မှာယူသူထံ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းကို ဆောင်ရွက်စေလိုပါတယ်]


အော်ဒါတွင် ''Collect Cash'' ဟု ငွေသားပမဏ ဖော်ပြနေပါက မှာယူသူထံမှ ငွေသား ကောက်ခံရန် လိုအပ်ပြီး ဖော်ပြခြင်းမတွေ့ရပါက ၎င်းအော်ဒါအတွက် ငွေသား ကောက်ခံမှုပြုလုပ်ရန် မလိုပါ။ ထို့ကြောင့် အော်ဒါအား မှာယူသူထံပေးအပ်ပြီးတဲ့အခါ ''Dropped Off'' ခလုတ်ကိုနှိပ်ပြီး ပြန်လည်ထွက်ခွာနိူင်ပါပြီ။ 
 

Collect Cash.png
Collect Cash.png

သတိပြုရန်

အော်ဒါအား မှာယူသူထံသို့ ပေးအပ်ပြီး ''ကျေးဇူးတင်စကား'' ဆိုပြီးသည့်အခါ ''Dropped Off'' ခလုတ်အား မမေ့မလျော့ နှိပ်ပေးရန် အထူးလိုအပ်ပါသည်။ ''Dropped Off'' ခလုတ်အား နှိပ်ရန် ကြန့်ကြာနေပါက သင့်ရဲ့ရမှတ်များအတွက် ထိခိုက်မည်ဖြစ်သည်။

bottom of page