
အော်ဒါလိုအပ်ချက်အရ ဘိုကင်ယူထားသော
အလုပ်ချိန်များကို အလိုအလျောက်ချက်ချင်း
ပယ်ဖျက်နိုင်သည့် လုပ်ဆောင်ချက်
[On-Demand Shift Cancellation]
တစ်ခါတရံမှာ အရေးပေါ်အကြောင်းကိစ္စ (သို့) အခြေအနေအရပ်ရပ်ကြောင့် ဘိုကင်ယူထားသော အလုပ်ချိန်ကို ဝင်ရောက်လုပ်ကိုင်ဖို့ အခက်ခဲတွေ့ကြုံရတာကို ကျွန်တော်တို့ သိရှိနားလည်ပါတယ်။
ဒီလုပ်ဆောင်ချက် (On-Demand Shift Cancellation)က အော်ဒါလိုအပ်ချက်ပေါ်မူတည်ပြီး ဘိုကင်ပြုလုပ်ယူထားတဲ့သင်ရဲ့အလုပ်ချိန်ကို (Swap)လွှဲပြောင်းလိုက်တာနဲ့ အလိုအလျောက် စစ်စတမ်ဘက်မှ ချက်ချင်းပယ်ဖျက်ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့အလုပ်ချိန်ကို (Swap)လွှဲပြောင်းထားတဲ့အချိန်မျိုးမှာ အခြားသူတစ်ဦးဘက်မှ ရယူသွားတဲ့အချိန်အထိ စောင့်ဆိုင်းစရာမလိုတော့တာကြောင့် အရေးပေါ်အကြောင်းကိစ္စရှိတဲ့ အခြေအနေတွေမှာ အဆင်ပြေစေမှာဖြစ်ပါတယ်။
မိမိလွှဲပြောင်းလိုက်သည့် အလုပ်ချိန်အား
စစ်စတမ်မှ အလိုအလျောက်
ပယ်ဖျက်ပေးသွားသည့် နမူနာပုံစံ
မိမိလွှဲပြောင်းလိုက်သည့် အလုပ်ချိန်အား
အခြားသူတစ်ဦးဘက်မှ ယူဆောင်သွားသည့်
အချိန်အထိ စောင့်ဆိုင်းရသောနမူနာပုံစံ

မိမိဘိုကင်ယူသည့် အလုပ်ချိန်မတင်မှီ
(၃၀)မိနစ်အလိုမှာတော့ အလုပ်ချိန်ကို
လွှဲပြောင်းခြင်း/ပယ်ဖျက်ခြင်းပြုလုပ်၍
မရနိုင်တာကို သတိပြုသိရှိထားစေလိုပါတယ်။