Self-Break
ကိုယ်တိုင်အနားတောင်းယူခြင်း

''ကိုယ်တိုင် အနားတောင်းယူခြင်း[Self Break]'' ဆိုတာ ဘယ်လိုမျိုးလဲ?
အလုပ်ချိန်အတွင်းမှာ Dispatcher ရဲ့ အကူအညီမလိုဘဲ ကိုယ်တိုင် အနားတောင်းယူ လို့ရတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို မိမိရဲ့အလုပ်ချိန်အတွင်းမှာ အော်ဒါလက်ခံထားခြင်းမရှိတဲ့အခါမှသာ အနားတောင်းယူလိုသည့် အချိန်ကာလတစ်ခုကို ရွေးချယ်ပြီး အနားတောင်းယူနိုင်မှာဖြစ်ပါတယ်။ ဖော်ပြပါအဆင့်အတိုင်း လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ အနားတောင်းယူထားသည့် ကြာချိန်ပေါ်မူတည်ပြီး မိမိရဲ့အဆင့်ရမှတ်များ လျော့နည်းနိုင်တာ ကြောင့် အမှန်တကယ် အနားတောင်းယူဖို့လိုအပ်သည့်အခါမှ ဒီလုပ်ဆောင်ချက်ကို အသုံးပြုစေ လိုပါသည်။
၁။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် ကိုယ်ရဲ့ Roodruuner အက်ပ်ကို နောက်ဆုံးဗားရှင်းမြှင့်ထားဖို့လိုအပ်ပါမယ်။

၂။ Roadrunner အက်ပ်ထဲမှ ''Status'' ကိုနှိပ်ပါ။

၃။ ''Request Break'' ကိုနှိပ်ပါ။

၄။ အနားတောင်းယူထားတဲ့အချိန်အတွင်း အော်ဒါများလက်ခံနိုင်မှာမဟုတ်သည့်အတွက် အနားတောင်းယူရန် သေချာပြီဆို ''Continue'' ကိုဆက်လက်နှိပ်ပါ။

၅။ အနားတောင်းယူမယ့် အချိန်ကာလကို ရွေးချယ်ပြီး ''SEND'' ကို နှိပ်ပါ။

၆။ ''SEND'' ကိုနှိပ်ပြီးသည့်နောက် ''Status'' တွင် ဖော်ပြပါအတိုင်း ''Break'' လို့တွေ့ရပါက အနားတောင်းယူမှု အောင်မြင်သွားပြီဖြစ်ပါတယ်။

၇။ အနားတောင်းယူထားတဲ့ အချိန်မပြည့်ခင် မိမိရဲ့အနားတောင်းယူထားမှုကို ပယ်ဖျက်လိုတဲ့အခါ ''End Break'' ကိုနှိပ်ပြီး အော်ဒါများပြန်လည်လက်ခံနိုင်ပါတယ်။

မှတ်ချက်။
မိမိတွင် အော်ဒါလက်ခံထားမှုရှိသည့်အခါ ကိုယ်တိုင် အနားတောင်းယူခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလို့ရမှာမဟုတ်ဘဲ ဖော်ပြပါပုံအတိုင်း ''Error'' ဆိုသည့်စာသားကိုသာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အော်ဒါလက်ခံထားမှုမရှိသည့်အခါမှ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်ကို သိရှိစေလိုပါတယ်။
