အမှတ်ပေးတွက်ချက်မှုပုံစံ
foodpanda မှာ ပို့ဆောင်သူတို့ရဲ့ စွမ်းဆောင်ရည်(အလုပ်လုပ်ကိုင်မှု) ပေါ်မူတည်ပြီး (၁) ပတ် တစ်ခါ အဆင့်သတ်မှတ်ပေးတဲ့ Batch System ရှိပါတယ်။
Batch အလိုက် အမြင့်ဆုံးအဆင့်ရရှိထားတဲ့ Panda Rider တို့အနေနဲ့ -
-
ကိုယ့်ရဲ့ တစ်ပတ်စာအလုပ်ချိန်တွေကို အစောဆုံး စိတ်ကြိုက်ဘိုကင်ပြုလုပ်နိူင်မယ်
-
အော်ဒါတစ်ခုချင်းစီအတွက် Batch အလိုက်ရရှိတဲ့ ဘောနပ်စ်ကြေး အမြင့်ဆုံးရရှိမယ်
-
ဘောနပ်စ်အစီစဉ်တွေရှိတဲ့အခါ အရင်ဆုံးပါဝင်ခွင့်ရရှိပြီး ဘောနပ်စ်ကြေးတွေ အမြင့်ဆုံးခံစားခွင့်ရရှိမှာဖြစ်ပါတယ်
Batch အလိုက်ရရှိတဲ့ ဘောနပ်စ်များ

Batch 1
Batch 2
Batch 3






Batch 4 နှင့် Batch 6 (Rider အသစ်များ) သည် Batch အလိုက် ဘောနပ်စ်အစီစဉ်တွင် မပါဝင်ပါ။
Batch အလိုက် ကိုယ့်စိတ်ကြိုက် တစ်ပတ်စာအလုပ်ချိန် ဘိုကင်ပြုလုပ်နိူင်မည့် နေ့ရက်များ
နေ့ရက်
Batch
အချိန်
ဗုဒ္ဓဟူးနေ့
1
4:00 PM
ဗုဒ္ဓဟူးနေ့
2
9:00 PM
ကြာသပတေးနေ့
3
4:00 PM
ကြာသပတေးနေ့
4
9:00 PM
ကြာသပတေးနေ့
5
9:00 PM
ဗုဒ္ဓဟူးနေ့
6
9:00 PM
Batch အဆင့်တွေကို ဘယ်လိုမျိုးတွက်ချက်ပြီး ခွဲပေးလဲ?
Batch အဆင့်တွေကို ဖော်ပြပါအချက်များနှင့် တွက်ချက်ပြီး (၁)ပတ် တစ်ခါ အဆင့်ခွဲပေးတာဖြစ်ပါတယ်။

Acceptance Rate
အလုပ်ချိန်အတွင်း အော်ဒါလက်ခံမှုနှုန်း

No Show
အလုပ်ပျက်ကွက်မှု


Actual/Planed Shift
Hours
အမှန်တကယ် အလုပ် လုပ်ကိုင်သော အလုပ်ချိန်နှင့် ဘိုကင်လုပ်ထားသော အလုပ်ချိန် ကွာခြားချက်
အလုပ် လုပ်ကိုင်ခဲ့သော
အချိန်စုစုပေါင်း

Special Hours
စပါယ်ရှယ် Hours အတွင်း အလုပ်
လုပ်ကိုင်သော အလုပ်အချိန်စုစုပေါင်း

UTR
အော်ဒါလက်ခံမှုနှုန်း (Acceptance Rate)
လက်ခံပြီးသော စုစုပေါင်းအော်ဒါ အရေအတွက်
% အော်ဒါလက်ခံမှုနှုန်း =
ပို့ဆောင်ရန် အော်ဒါအသစ်ရှိကြောင်း ပေးပို့သည့်အသိပေးစာ အရေအတွက်
အော်ဒါလက်ခံမှုနှုန်းသည် ရမှတ်တွက်ချက်မှုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်အတွက် အော်ဒါဝင်လာသည့်အခါတိုင်း လက်ခံမည်/ငြင်းဆိုမည် (Accept/Reject) ခလုတ်ကို ကောင်းစွာနားလည်ထားပြီး အသုံးပြုဖို့လိုပါမယ်။
၂၀၂၀ ဇူလိုင်လ (၁၀)ရက် မှစတင်ပြီး လက်ခံပြီးသောအော်ဒါကို လွှဲပြောင်းခြင်းအား အော်ဒါလက်မခံသည်ဟုယူဆသွားမည်ဖြစ်ပြီး ထိုအတွက်ကြောင့် သင့်ရဲ့အော်ဒါလက်ခံမှုနှုန်းအပေါ်တွင် သက်ရောက်မှုရှိပါမည်။ ထို့အပြင် ၂၀၂၀ ဇူလိုင်လ(၁၃)ရက်မှစပြီး ကိုယ်တိုင် အော်ဒါလွှဲပြောင်းနိုင်သည့်လုပ်ဆောင်ချက် (self-redispatch feature) အား အသုံးပြုသည့်အခါ မိမိရဲ့အော်ဒါလက်ခံမှုနှုန်းအပေါ်လည်း ထိခိုက်မှုရှိပါမည်။
ဘိုကင်ယူသည့်အလုပ်ချိန်နှင့် အမှန်တကယ်လုပ်ကိုင်သောအလုပ်ချိန်ကွာခြားချက် (Actual vs Planned Hours)
ဘိုကင်ယူသည့်အလုပ်ချိန်နှင့် အမှန်တကယ်လုပ်ကိုင်သောအလုပ်ချိန်ကွာခြားချက်သည် အလုပ်ချိန်တိုင်းအတွက် အပြည့်အဝတွက်ချက်ပြီး မိမိလုပ်ကိုင်ခဲ့ပြီးသောအလုပ်ချိန်များတွင် ပျက်ကွက်ခဲ့သည့်အချိန်များအတွက် ပြန်လည်အစားထိုး၍မရနိုင်ပါ။
ဥပမာ - ပို့ဆောင်သူသည် အလုပ်ချိန်-၁ အတွက် ဘိုကင်ယူသည့်အလုပ်ချိန်နှင့် အမှန်တကယ်လုပ်ကိုင်သောအလုပ်ချိန်ကွာခြားချက် (Actual vs Planned hours) မှာ ၉၉% ရှိထားပြီးဆိုပါစို့, နောက်ထပ် အလုပ်ချိန်-၂ တွင် အလုပ်ချိန်ပိုယူလုပ်ကိုင်ပြီး အလုပ်ချိန်-၁ အတွက် ၁၀၀% ဖြစ်အောင် ပြန်လည်အစားထိုးနိုင်မည်မဟုတ်ပါ။
နောက်ဆုံးရမှတ်တွက်ချက်မှုသည် ပို့ဆောင်သူတစ်ဦးချင်း အလုပ်ချိန်အတွင်း ကောင်းစွာလုပ်ကိုင်ရရှိထားသည့် ရမှတ်များနှင့် ဘိုကင်ယူသည့်အလုပ်ချိန်နှင့် အမှန်တကယ်လုပ်ကိုင်ခဲ့သည့်အလုပ်ချိန်ကွာခြားချက် အပေါ်အခြေခံတွက်ချက်ပါသည်။ အကောင်းဆုံး ကြိုးစားလုပ်ကိုင်သော ကျွန်တော်တို့ရဲ့ ပို့ဆောင်သူများအတွက် မျှတစွာဖြစ်စေရန် အထက်ဖော်ပြပါစံနှုန်းများအပေါ်အခြေခံ၍ ပို့ဆောင်သူတို့အတွက် Batch အဆင့်များ သတ်မှတ်ပေးမည်ဖြစ်ပါသည်။ အပတ်စဉ် တနလာၤနေ့တိုင်းမှာ Batch အဆင့်များသည် ပို့ဆောင်ရေးအက်ပ်အတွင်း ပြောင်းလဲပါမည်။ ရရှိသည့် Batch အဆင့်သည် အလုပ်ချိန်များဘိုကင်ရယူနိုင်ခြင်းနှင့်လုပ်အားခငွေရရှိခြင်းအပေါ် မူတည်ပါသည်။
Batch အဆင့်အကောင်းကောင်းရနေဖို့ ဘာတွေလုပ်ရမလဲ?

ဘာလို့ Batch စနစ်ကို foodpanda မှာ ထားတာလဲ?
မတူညီတဲ့ အနာဂတ်၊ ရည်မှန်းချက်တွေအတွက် ကြိုးစားလုပ်ကိုင်တဲ့ Rider တစ်ဦးချင်းစီအား လေးစားအသိမှတ်ပြုတဲ့အနေနဲ့ ထိုက်တန်မျှတသည့် ရမှတ်၊ ခံစားခွင့်များနှင့် ဝင်ငွေများများရရှိဖို့ ဖြစ်ပါတယ်။
မြို့အလိုက် Special Hour အလုပ်ချိန်များ
ဖော်ပြအလုပ်ချိန်များသည် မြို့အလိုက် အော်ဒါအများဆုံးမှာယူလေ့ရှိတဲ့ အချိန်ကောင်းများဖြစ်ပါတယ်။
မြို့
နေ့
စပါယ်ရှယ် Hour အချိန်များ
ရန်ကုန်
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
မန္တလေး
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
မော်လမြိုင်
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
ပြင်ဦးလွင်
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
ပဲခူး
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
-
ပုဂံ, ညောင်ဦး
-
နေပြည်တော်
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
5:00 PM to 7:00 PM
တောင်ကြီး
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
11:00 AM to 1:00 PM
ပုသိမ်
-
-
မုံရွာ
-
-
ပြင်ဦးလွင်
-
-
တောင်ငူ
-
-
အောင်ပန်း
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
5:00 PM to 7:00 PM
ပခုက္ကူ
-
-
မုဒုံ
-
-
လားရှိူး
-
-
ဘားအံ
-
-
မိထ္တိလာ
-
-
ပြည်
-
-
ကလော
တနင်္ဂနွေနေ့ မှ တနင်္လာနေ့ အထိ
5:00 PM to 7:00 PM
-
-
-
ဘယ်အချိန်တွေမှာ Batch အဆင့်ပြောင်းလဲပါသလဲ?
အလုပ်လုပ်ကိုင်ခဲ့တဲ့အပတ်ရဲ့ ဒုတိယအပတ် တနလာၤနေ့တိုင်းမှာ ကိုယ့်ရဲ့ Batch အဆင့်ရမှတ်များ ပြောင်းလဲပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လုံးက စွမ်းဆောင်ရည်များကို တွက်ချက်ပြီး Batch အဆင့်ရမှတ်များ ခွဲပေးတာဖြစ်ပါတယ်။ ပြောင်းလဲမှုအချိန်ဇယားကို အောက်ပါပုံတွင် ကြည့်ရှု့နိုင်ပါတယ်။
Week 1
Week 2
Week 3
Week 4
Week 5

ပို့ဆောင်သူအသစ်များသည် ပထမ(၂)ပတ်အတွင်း Batch အဆင့် (၆) အနေဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး (၂)ပတ်ပြီးဆုံးသွားသည့်နောက်တွင် အပတ်စဉ်(၁)ပတ်တစ်ခါ အဆင့်ရမှတ်တွက်ချက်မှုဇယားအတိုင်း Batch အဆင့်ပြောင်းလဲမည်ဖြစ်သည်။
Batch အလိုက် ဘောနပ်စ်ကြေးတွေက ဘယ်လိုရရှိမှာလဲ?
အပတ်စဉ်(၁)ပတ်တစ်ခါ တနလာၤနေ့တိုင်းပြောင်းလဲသွားသည့် Batch အဆင့်ရမှတ်များပေါ်မူတည်ပြီး Batch အလိုက်ရရှိသည့် ဘောနပ်စ်ကြေးကို (၁)ပတ်လုံးခံစားခွင့်ရရှိမည်ဖြစ်သည်။