top of page
ငွေပြန်လည်အပ်နှံခြင်း
အလုပ်ချိန်အတွင်း ရရှိထားသမျှငွေသားအားလုံးကို တစ်နေ့စာတစ်နေ့ အလုပ်ချိန်ပြီးသည့်အခါ နီးစပ်ရာ True Money-Agent ဆိုင်မှတဆင့် foodpanda Biller Account သို့ ငွေပြန်လည်အပ်နှံရပါမည်။
ပို့ဆောင်စဉ်အတွင်း မှာယူသူဘက်မှ ငွေသားဖြင့် ပေးချေထားသော ငွေစုစုပေါင်းကို မိမိရဲ့ Roadrunner အက်ပ် -> Wallet အတွင်းမှာ အခုလိုကြည့်ရှု့နိုင်ပါတယ်။
-
အနုတ်လက္ခဏာနဲ့ ဖော်ပြနေတဲ့ စုစုပေါင်းငွေဟာ foodpanda Biller Account ကို ပြန်လည်အပ်နံရမယ့် ငွေပမာဏဖြစ်ပြီး အပေါင်းလက္ခဏာနဲ့ ဖော်ပြနေတဲ့ စုစုပေါင်းငွေဟာ Biller Account ထဲကို ပိုလွှဲထားတဲ့ ငွေပမာဏလို့ မှတ်ယူနိုင်ပါတယ်။

foodpanda Biller Account ဆီကို ငွေဘယ်လိုလွှဲမလဲ?
-
အနီးစပ်ဆုံး truemoney ကိုယ်စားလှယ်ဆိုင်သို့ သွားရောက်ပါ။ ကိုယ်စားလှယ်ရှာရန် အားနှိပ်ပြီးကိုယ်ရဲ့အနီးနားက truemoney ကိုယ်စားလှယ်တွေကို အလွယ်တကူရှာနိုင်ပါတယ်)
-
ကိုယ်စားလှယ်အား ''foodpanda Biller အကောင့်ဆီ ငွေပေးချင်လို့ပါ'' ဟုပြောပါ။
-
အလုပ်ချိန်အတွင်း ရရှိထားသမျှ ငွေများအားလုံးကို တွက်ချက်ပါ။
ကိုယ်စားလှယ်အား ထိုငွေပမာဏအတိုင်းလွှဲပေးဖို့ပြောပါ။ Rider ID နံပါတ်နှင့် ဖုန်းနံပါတ်တို့ကို မှန်ကန်စွာ
ပြောပြပါ။ (ဖုန်းနံပါတ်သည် ငွေလွှဲမှုအောင်မြင်ကြောင်းပြေစာအား SMS မှတဆင့် ပြန်လည်လက်ခံနိုင်ရန်အတွက်ဖြစ်သည်) -
ငွေလွှဲလုပ်ငန်းစဉ် ပြီးမြောက်ပါက ကိုယ်စားလှယ်၏ဖုန်းတွင် ''ငွေပေးချေမှု အောင်မြင်ပါသည်'' ဟု ပေါ်လာပါလိမ့်မည်။ (ကိုယ်စားလှယ်အား ခွင့်တောင်းပြီး ငွေပေးချေမှုအောင်မြင်ကြောင်းဖော်ပြနေသည့် Screen အား ပြေစာအဖြစ် ဓာတ်ပုံရိုက်ယူသိမ်းထားနိုင်ပါတယ်)
foodpanda ရဲ့ Biller အကောင့်သို့ ငွေလွှဲရာတွင် ဝန်ဆောင်ခငွေနှင့်
အခြားမည့်သည့်အခကြေးငွေမျှ ပေးဆောင်ဖို့မလိုပါဘူး။
ကိုယ်စားလှယ် (Agent)ထံမှ ငွေလွှဲပြေစာအဖြစ် ဓာတ်ပုံရိုက်ယူထားရမည့် နမူနာပုံစံ

bottom of page