top of page
Search
  • Writer's pictureCommunity Leader

Panda Rider တို့ဂရုစိုက်လုပ်ဆောင်ရမည့်အချက်များ [Buy1Get1 Promo]


၂၀၂၁ ဇူလိုင်လ(၁)ရက်မှ (၄)ရက်နေ့အထိ ဖော်ပြပါမြို့တွေမှာ Buy1Get1 ပရိုမိုးရှင်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီရက်တွေမှာ ပုံမှန်ထက်အော်ဒါပိုမိုကျနိုင်တာကြောင့် အော်ဒါများများပို့ဆောင်ပြီး ဝင်ငွေများများရှာနိုင်ဖို့အတွက် အလုပ်ချိန်ကောင်းတွေကို များများဘိုကင်ကြိုယူထားဖို့လည်း ကြိုတင်အသိပေးအပ်ပါတယ်။


ပရိုမိုးရှင်းမှာပါဝင်တဲ့ဆိုင်တွေမှာ အော်ဒါသွားရောက်ယူဆောင်တဲ့အခါ ဖော်ပြပါညွှန်ကြားချက်များအတိုင်း ဂရုစိုက်ပို့ဆောင်ကြဖို့လိုအပ်ပြီး ဒီအချက်တွေထဲက အချို့က Panda Rider တို့ ပုံမှန်လုပ်ဆောင်နေကျလုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။



၁) ပရိုမိုးရှင်းတွင်ပါဝင်သောဆိုင်များတွင် အော်ဒါပစ္စည်းယူဆောင်ရန် တန်းစီစောင့်ဆိုင်းနေရချိန် ပုံမှန်ထက်ပိုပြီး စိတ်ရှည်ပေးပါ။ COVID19 ကာကွယ်ရေးညွှန်ကြားထားချက်များကို ဂရုစိုက်လိုက်နာဆောင်ရွက်ပါ။

၂) ဆိုင်မှ အော်ဒါစောင့်ဆိုင်းရန် သတ်မှတ်ပေးထားသည့်နေရာများတွင်သာ စောင့်ဆိုင်းမှုပြုလုပ်ပါ။


၃) အော်ဒါပြင်ဆင်ပြီးချိန်မှာ ဆိုင်ဝန်ထမ်းများဘက်မှ အော်ဒါလာရောက်ယူဆောင်ရန်အဆင့်သင့်ဖြစ် နေကြောင်း အော်ဒါနံပါတ်နှင့်ပြောကြားမှုကို ဂရုစိုက်နားထောင်ပြီး စောင့်ဆိုင်းပေးပါ။


၄) ပရိုမိုးရှင်းမှာ ပါဝင်တဲ့ဆိုင်များအနေနဲ့ ပုံမှန်ထက်အော်ဒါအရေအတွက်များစွာကိုပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ရယူနိုင်တာကြောင့် မိမိရဲ့အော်ဒါပစ္စည်းအား စောင့်ဆိုင်းနေရချိန်တွင် စိတ်ရှည်နားလည်ပေးပါ။ စောင့်ဆိုင်းနေချိန်အတွင်း အော်ဒါပစ္စည်းများသယ်ဆောင်ယူရမည့် Delivery ပုံးအား အတွင်း/အပြင်ကို သန့်ရှင်းအောင်ပြုလုပ်ထားပြီး လေဝင်လေထွက်ကောင်းအောင်ထားပါ။

၅) အော်ဒါပစ္စည်းလွဲမှားခြင်းမဖြစ်အောင် ဆိုင်မှမထွက်ခွာခင် အော်ဒါပစ္စည်းအရေအတွက်စုံလင်မှုရှိ/မရှိနှင့်အော်ဒါနံပါတ်ကို စစ်ဆေးဖို့မမေ့ပါနှင့်။

၆) သောက်စရာ(အရည်)များနှင့် အစားအစာထုပ်ပိုးထားသည့်အိတ်များကို ဖိတ်ကျခြင်း၊ ပျက်စီးခြင်းမရှိရအောင် Delivery ပုံးအတွင်း စနစ်တကျထည့်သွင်းသယ်ဆောင်ပါ။

255 views0 comments
bottom of page