Community Leader_01
ပို့ဆောင်ရေးအသုံးအဆောင်ပစ္စည်းတွေကိုအော်ဒါတင်ပြီးဝယ်ယူနိုင်မယ့် Panda Rider Shop website
Updated: Apr 22, 2022
စံချိန်စံညွှန်းများနှင့်ပြည့်မှီပြီး အရည်အသွေးကောင်းမွန်တဲ့ ပို့ဆောင်ရေးအသုံးအဆောင်ပစ္စည်းတွေကို အွန်လိုင်းကနေရွေးချယ်ကြည့်ရှု့ပြီး အော်ဒါတင်ဝယ်ယူနိုင်မယ့် Website တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်! ဝယ်ယူနိုင်တဲ့ပုံစံအသေးစိတ်ကို ဖော်ပြပါလမ်းညွှန်ချက်မှာကြည့်ရှု့ပြီး အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လတ်တလော Panda Rider Shop website မှာ မဝယ်ယူဖြစ်သေးတဲ့ panda rider တို့အတွက်လည်း သတင်းကောင်းတစ်ခုပြောပြချင်ပါတယ်။ ဒါကတော့ ယခု website မှာ မိမိရဲ့ Roadrunner အကောင့်ဖုန်းနံပါတ်နဲ့အတူ Register ပြုလုပ်ထားတာနဲ့ အကျိုးခံစားခွင့်နဲ့သက်ဆိုင်တဲ့ ပွိုင့်နဲ့ဆုပစ္စည်းလဲလှယ်နိုင်မယ့်အစီအစဉ်တွေမှာ အလိုအလျောက်ပါဝင်ထားပြီးသားဖြစ်မှာပါ။ (ဒီတော့ အကောင့် Register ပြုလုပ်တဲ့အခါ ဖော်ပြပါလမ်းညွှန်ချက်အတိုင်း သေချာကြည့်ရှု့ပြီး အကောင့်ပြုလုပ်ဖို့အရေးကြီးပါမယ်နော်).
အော်ဒါတင်ရန်အတွက် အထက်ဖော်ပြပါအဆင့်များအတိုင်းလုပ်ဆောင်ပြီးပါက foodpanda yangon သမိုင်းရုံး သို့ မိမိ၀ယ်ယူသည့်ပစ္စည်းအား ရုံးချိန်အတွင်းငွေချေပြီး လာရောက်ထုတ်ယူနိုင်ပါပြီ။