Community Leader
ငွေလွှဲနေကျ truemoney ကိုယ်စားလှယ်တွေဆီမှာ မိမိရဲ့လုပ်အားခကို ဘယ်လိုထုတ်ယူရမလဲ?
Updated: Jul 2, 2021
Panda Rider များ အပတ်စဉ်လုပ်အားခထုတ်ယူရာမှာ ပိုမိုအဆင်ပြေစေဖို့အတွက် ၂၀၂၁ ဇူလိုင်လ(၂)ရက်နေ့ သောကြာနေ့မှစပြီး CW25(21.06.2021 to 27.06.2021) အတွက် လုပ်အားခများကို truemoney ဖြင့် ပေးသွားမည်ဖြစ်ပါသည်။ အပတ်စဉ်လုပ်အားခငွေကို truemoney မှတဆင့်လွှဲပြောင်းပေးမည့်အစီစဉ်တွင် ပါဝင်သည့်မြိုများမှာဖော်ပြပါအတိုင်းဖြစ်ပါသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ ပုဂံ၊ ပုသိမ်၊ မုံရွာ၊ မုဒုံ၊ တောင်ငူ၊ ပခုက္ကူ၊ လားရှိး။

ငွေလွှဲနေကျ truemoney ကိုယ်စားလှယ်တွေဆီမှာ မိမိရဲ့လုပ်အားခကို ဘယ်လိုထုတ်ယူရမလဲ?
လုပ်အားခထုတ်ယူရမည့်ပုံစံနှင့် လုပ်ဆောင်ရမည့်အချက်အလက် အသေးစိတ်ကို အောက်ဖော်ပြပါပုံများမှတဆင့် ကြည့်ရှု့လေ့လာနိုင်ပါတယ်။

အဆင့်(၁)
လုပ်အားခရရှိမည့်နေ့တွင် ရုံးသို့ပေးထားသော မိမိရဲ့ဖုန်းနံပါတ်အတွင်းသို့ လုပ်အားခငွေပမာဏနှင့် အတူ ငွေထုတ်ယူရမည့်ကုဒ် (Cashout Code) တို့အား SMS မှတဆင့် လက်ခံရရှိမည်ဖြစ်ပါသည်။ *လက်ခံရရှိထားသည့် SMS အား မည်သူတစ်ဦးတစ်ယောက်မျှမပြမိအောင် အထူးဂရုစိုက်ပါ*

အဆင့်(၂)
ငွေလွှဲနေကျ ကိုယ်စားလှယ်ထံသို့ မိမိရဲ့မှတ်ပုံတင်(မူရင်း) အား ယူဆောင်ပြီး သွားရောက်ပါ။ ကိုယ်စားလှယ်အား ''foodpanda Rider လုပ်အားခငွေ ထုတ်ချင်လို့ပါ'' ဟုပြောပါ။

အဆင့်(၃)
ကိုယ်စားလှယ်အား မိမိ၏မှတ်ပုံတင်(မူရင်း)ကိုပြသပြီး မှတ်ပုံတင်တွင်ပါရှိသော နောက်ဆုံးဂဏန်း(၆)လုံးနှင့် SMS မှရရှိထားသော ငွေထုတ်ယူရန်ကုဒ်(Cashout Code)ကို မှန်ကန်စွာပြောပြပါ။
*ဖော်ပြပါအချက်အလက်များသည် ငွေထုတ်ယူရာတွင် မဖြစ်မနေမှန်ကန်စွာဖြည့်စွက်ပေးရမည့် အချက်များဖြစ်သည့်အတွက် မှားယွင်းမှုမရှိအောင် ကိုယ်စားလှယ်ဘက်ကိုသေချာပြောပြဖို့လိုအပ်ပါမယ်*

အဆင့်(၄)
ကိုယ်စားလှယ်ထံမှ ငွေထုတ်ယူခြင်း အောင်မြင်စွာပြီးမြောက်ပြီပဲဖြစ်ပါတယ်။
ငွေထုတ်ဝန်ဆောင်ခနှုန်ထားများကို အောက်ပါပုံတွင်ကြည့်ရှု့ပါ။
