top of page
Search
  • Writer's pictureCommunity Leader

“တစ်ထောက်နားကာ ဝင်ယူလှည့်ပါ၊ panda rider များအတွက် နေ့လယ်စာ”

foodpanda မှ အမြို့မြို့ အနယ်နယ်က panda rider များကို အထူးကျေးဇူးတင်တဲ့အနေနဲ့ မိတ်ဖက်စားသောက်ဆိုင်များနဲ့ လက်တွဲပြီး “တစ်ထောက်နားကာ ဝင်ယူလှည့်ပါ၊ panda rider များအတွက် နေ့လယ်စာ” ဆိုတဲ့ အစီအစဉ်လေးကို ပြီးခဲ့တဲ့အပတ် စက်တင်ဘာလ(၁၁)ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ foodpanda လည်ပတ်နေတဲ့ မြို့တိုင်းရှိ panda rider များမှ နေ့လယ်စာနဲ့ အအေးအခမဲ့ လာရောက် ရယူနိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။ စက်တင်ဘာလ (၁၁) ရက်‌နေ့နဲ့ (၁၂)ရက်နေ့မှာ နေ့လယ်စာလာရောက်ရယူခဲ့ကြတဲ့ ရန်ကုန်၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်နဲ့ နေပြည်တော် မြို့များမှ panda rider များ၏ပုံရိပ်တစ်ချို့ကို အားလုံးနဲ့ မျှဝေပေးလိုက်ပါတယ်။


All Photos from foodpanda Official Page Spotted on Facebook



ပြီးခဲ့တဲ့ တစ်ပတ်အတွက် foodpanda နဲ့အတူ ပူးပေါင်းပြီး အခမဲ့နေ့လယ်စာစီစဉ်ပေးခဲ့တဲ့ ရန်ကုန်မြို့မှ KFC Myanmar, YKKO, Shan Kitchen, အင်းလေးအမှတ်တရ, O Sushi, Omuk, Chilli Pot, The Spicy House, MyCup Cafe, Mr.Chef, Ya Kun Cafe Yangon, Titu's Indian Bistro Myanmar, Nan Htike Shan Noodle & Shan Food, Nilar Biryani & Cold Drink, Kaung Kyaik ရသာဒံပေါက်နှင့် အအေး, မန္တလေးမြို့မှ YKKO နှင့် လားရှိုးရှမ်းထမင်းဆိုင်, တောင်ကြီးမြို့မှ Burger House, မုံရွာမြို့မှ ရွေငါးမောင်မောင် ဒေါနခြံ၊ မော်လမြိုင်မြို့မှ Irrawaddy Mawlamyine Restaurant, မုဒုံမြို့မှ Nan Thidar Linn, နေပြည်‌တော်မြို့မှ ရွေတောင်ကြီး ရှမ်းခေါက်ဆွဲနှင့်မာလာရှမ်းကော နှင့် ရာဇာကြီး တရုတ်အစားအစာ, ပဲခူးမြို့မှ SWE, ပုသိမ်မြို့မှ Pathein Madina Restaurant, လားရှိုးမြို့မှ Three Life BAR နှင့် 100 JOY Cafe & Restaurant, ပြင်ဦးလွင်မြို့မှ Sandar May နှင့် တောင်ငူမြို့မှ Omuk စသည့်မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ နောက်ပြီး panda rider တွေအတွက်အမောပြေ အအေးဘူး ဝေမျှပေးခဲ့တဲ့ Sport-X ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


အခက်အခဲ ကာလတွေမှာကြိုးစားပေးတဲ့ panda rider များကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်ကိုတော့ အောက်တိုဘာလ (၃)ရက်နေ့အထိ စနေ၊ တနင်္ဂနွေတိုင်း ပြုလုပ်သွားမှာဖြစ်ပြီး panda rider များအနေနဲ့လည်း နေ့လယ်စာများကို တစ်ထောက်နားကာလာယူကြဖို့ ဖိတ်ခေါ်လိုပါတယ်။


371 views0 comments

Comments


bottom of page