top of page
Product New Feature Cover.png

ပို့ဆောင်မှု့ပြီးမြောက်ကြောင်း
သက်သေ
[Proof of Delivery]

ပို့ဆောင်မှုပြီးမြောက်ကြောင်း သက်သေအထောက်အထား [Proof-of-delivery] လုပ်ဆောင်ချက်၏ အဓိက ရည်ရွယ်ချက်မှာ ကျွန်တော်တို့၏ panda rider များနှင့် မှာယူသူ (Customer)များအကြား မလိုလားအပ်သည့် ကိစ္စတချို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်တတ်ခြင်းကို လျော့ချဖြေရှင်းပေးနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု အတွေ့အကြုံကောင်းများရရှိစေရန်အတွက်အပြင် မှာယူသည့် Customer ထံ အော်ဒါအား မှန်ကန်စွာ ပို့ဆောင်ပေးနိုင်ရန်ဖြစ်ပါသည်။

 

ပို့ဆောင်ရမည့်နေရာသို့ရောက်ရှိပြီး Customer လက်ထဲသို့ အော်ဒါမပေးမီ panda rider တို့အနေနဲ့ ပို့ဆောင်မှုပြီးမြောက်ကြောင်းသက်သေအထောက်အထား [Proof-of-delivery] အတွက် ပို့ဆောင်ရမည့်နေရာ [Drop-off location] နေရာတွင် အော်ဒါပို့ဆောင်မှုပြီးမြောက်ခဲ့ကြောင်းကို ဓာတ်ပုံရိုက်ယူရမည်ဖြစ်ပါသည်။

ပို့ဆောင်မှုသက်သေ Proof Of Deliveryလုပ်ဆောင်ချက်ကို ဝန်ဆောင်ရရှိနေသောမြို့များမှာရှိတဲ့ Panda Rider များအားလုံး အသုံးပြုရမှာဖြစ်ပါတယ်
 

သတိပြုလုပ်ဆောင်ရမည့်အချက်များ 

  • ဖုန်းအယ်လ်ဘမ်အတွင်းရှိ အခြားသောပုံများကို ထည့်သွင်းခြင်းမပြုဘဲ အမှန်တကယ်ရောက်ရှိနေသည့်အခြေအနေကို ဓာတ်ပုံရိုက်ယူထည့်သွင်းရပါမည်။ 

  • ရိုက်ယူထည့်သွင်းထားသောပုံသည် ဥပမာ - အိမ်၊အဆောက်အဦး၊ ကွန်ဒို၏ တည်နေရာ လိပ်စာ/နံပါတ်/အမှတ်နှင့် လက်ခံပြေစာပေါ်ရှိအော်ဒါကုဒ် တို့ပြတ်သားစွာ မြင်ရသည့်ပုံဖြစ်ရပါမည်။ 

  • အကယ်၍ သင့်အနေနဲ့ အော်ဒါပစ္စည်းအား မှာယူသူ(Customer) ထံ ပေးပြီးပါက တည်နေရာအား သိရှိနိုင်သည့်အထောက်အထားတစ်ခုခု (ဥပမာ- အဆောက်အဦး၏လိပ်စာအမှတ်/လမ်းအမည်ဆိုင်းဘုတ် စသဖြင့်) ကိုရိုက်ယူ၍ ထည့်သွင်းနိုင်ပါသည်။ 

  • ပို့ဆောင်မှုပြီးမြောက်ကြောင်း သက်သေအထောက်အထား [Proof-of-delivery] အတွက် ရိုက်ယူသော ဓာတ်ပုံများတွင်  ကျေးဇူးပြု၍ Customer ၏ မျက်နှာနှင့် ခန္ခာကိုယ် ၊အိမ်အတွင်းပိုင်း / အဆောက်အဦး အတွင်းပိုင်းများ မပါဝင်အောင်  အထူးဂရုစိုက်ရိုက်ကူးပါ။ 

ပို့ဆောင်မှု့ပြီးမြောက်ကြောင်းသက်သေ [Proof of Delivery] လုပ်ဆောင်ချက်အား အသုံးပြုရမည့်ပုံစံနှင့် မှန်ကန်စွာရိုက်ယူ ထည့်သွင်းရသည့်အချက်အလက်အသေးစိတ်ကို အောက်ဖော်ပြပါပုံများတွင် ကြည့်ရှု့ပါ။ 

Step-1.png
Step-2.png
Step-3.png
Step-4.png

ဆီလျော်မှန်ကန်စွာ ရိုက်ယူထည့်သွင်းထားသည့်(နမူနာပုံ)

Sample.png

ဆီလျော်မှုမရှိသောပုံများ(နမူနာ)

Sample photo-2.png

အကယ်၍ ဓာတ်ပုံရိုက်ယူခြင်းကို မှာယူသူ(Customer) ဘက်မှ ခွင့်ပြုချက်မရပါက မည်သို့ဆောင်ရွက်ရမလဲ။

မှာယူသူ(Customer) ဘက်မှ ဓာတ်ပုံရိုက်ယူခြင်းအား ခွင့်မပြုခဲ့ပါက ကျေးဇူးပြုပြီး ရိုက်ကူးမှုမပြုဘဲ နားကြပ်မှတဆင့် Dispatch Team ထံ ဆက်သွယ်အကြောင်းကြားပေးပါ။ 

ဖော်ပြပါညွှန်ကြားချက်များအား ကျော်လွန်၍ မှာယူသူ (Customer)၏ Privacy အား ချိုးဖောက်သည့်ရိုက်ကူးမှု (ဥပမာ- အိမ်အတွင်း၊ မှာယူသူ၏
မျက်နှာနှင့် အခြားသော ကိုယ်ရေးကိုယ်တာအချက်အလက်များပါဝင်နေသောပုံများ) ရိုက်ကူးခြင်း လုံး၀ မပြုလုပ်ပါရန် တင်းကြပ်စွာအသိပေးအပ်ပါသည်။ 

အမေးများသောမေးခွန်းများ  

 

  • ဒီလုပ်ဆောင်ချက်ကို ဘာကြောင့် အသုံးပြုဖို့လိုအပ်တာလဲ?
     

ပို့ဆောင်ရမည့်နေရာသို့ အမှန်တကယ်ရောက်ရှိခဲ့ခြင်းကို ဓာတ်ပုံရိုက်ယူထည့်သွင်းရန် လိုအပ်ကြောင်းတောင်းဆိုသော အော်ဒါတွင် အမှန်တကယ်ရောက်ရှိပို့ဆောင်ခဲ့ကြောင်း သက်သေအထောက်အထားအဖြစ် ထည့်သွင်းနိုင်ရန်ဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်းခြင်းက ကျွန်တော်တို့ရဲ့ပို့ဆောင်သူများနှင့် မှာယူသူ(Customer)တို့အကြား မလိုလားအပ်သည့် ကိစ္စတချို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်တတ်ခြင်းကို လျော့ချဖြေရှင်းနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု အတွေ့အကြုံကောင်းများရရှိစေရန်အတွက်ဖြစ်ပါတယ်။

  • မှာယူမှုတိုင်းအတွက် ပို့ဆောင်မှုအထောက်အထားကို တင်သွင်းရန် လိုအပ်ပါသလား?

ဟုတ်ကဲ့၊ မှာယူမှုအားလုံးအတွက် ပို့ဆောင်မှုဆိုင်ရာ သက်သေအထောက်အထား ရယူရန် Proof Of Delivery(POD) ကို ဖွင့်ထားပါတယ်။ ကျေးဇူးပြု၍ တရားဝင် POD တင်သွင်းပုံအား ဖော်ပြပါနမူနာပုံများတွင် ကြည့်ရှုပါ။

 

  • ကျွန်ုပ်၏ ပို့ဆောင်မှုသက်သေ မမှန်ကန်ဟု ယူဆပါက မည်သို့သော အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း?


အပ်လုဒ်တင်သွင်းထားသော မမှန်ကန်သော ပေးပို့မှုအထောက်အထားမှန်သမျှကို ဖြစ်ရပ်တစ်ခုချင်းစီအလိုက် စီစစ်ကြည့်ရှု့မည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။ ပို့ဆောင်မှုသက်သေအား လိုက်နာခြင်းမရှိခဲ့ပါက အကောင့်ဆိုင်းငံ့ခြင်း အပါအဝင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခံရနိုင်ပါသည်။

 

  • အော်ဒါပို့ဆောင်သည့်နေရာသည် စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှု ကျောင်း၊ ဆေးရုံ၊ ရုံး၊ ဈေးဆိုင်နှင့် စသည်တို့ ဖြစ်ပါက အထောက်အထားကို အပ်လုဒ်တင်သွင်းရန် လိုအပ်ပါသလား?


လိုအပ်ပါသည်။ ကျေးဇူးပြု၍ မိမိပို့ဆောင်ခဲ့ကြောင်း အထောက်အထားတစ်ခုကို အပ်လုဒ်တင်သွင်းပြီး ဖြစ်နိုင်ပါက ပုံအတွင်းမှ မှာယူမှု အော်ဒါကုဒ်ကိုပါ ထည့်သွင်းရိုက်ယူပါ။

 

  • အော်ဒါကို ပယ်ဖျက်ရင် ဘာဖြစ်မလဲ?


ပယ်ဖျက်ထားသောအော်ဒါ(Returned trip order)များကို ဆိုင်သို့ပြန်ထားရာတွင်လည်း အော်ဒါဆိုင်သို့ပြန်လည်ပေးပို့ခဲ့ကြောင်းသက်သေအဖြစ် ဆိုင်တွင်ဓါတ်ပုံရိုက်ယူထားခဲ့ရန်လိုအပ်ပါသည်။

 

  • POD ထည့်သွင်းရာမှာ အင်တာနက်ချိတ်ဆက်မှု မရှိတဲ့အခါ ဘာလုပ်ရမလဲ?

POD အင်တာနက်ချိတ်ဆက်မှုမရှိပါက သင့်ဖုန်းကင်မရာဖြင့် တရားဝင် POD ဓာတ်ပုံ (အော်ဒါကုဒ်နှင့် ပို့ဆောင်ခဲ့သည့်တည်နေရာနှင့်အတူ ဓါတ်ပုံရိုက်ယူထားပြီး ၎င်းအထောက်အထားကို သင့်ဖုန်းထဲတွင် သိမ်းဆည်းထားရန်လိုအပ်ပါသည်။

 

  • ဆီလျော်မှန်ကန်မှုမရှိသောပုံများထည့်သွင်းခြင်းသည် မည်သည့်အကျိုးဆက်ဖြစ်လာနိုင်ပါသလဲ ?

 

အကြောင်းကိစ္စပေါ်ပေါက်သည့်အခါ ထည့်သွင်းထားသည့်သက်သေ ဆီလျော်မှုမရှိခြင်းကြောင့် မလိုလားအပ်သည့် အငြင်းပွားဖွယ်ကိစ္စများ ဖြေရှင်းလာရနိုင်ပါတယ်။ ပို့ဆောင်မှုပြီးမြောက်ကြောင်းသက်သေ [Proof of Delivery] ပြုလုပ်ရန် လိုအပ်သည့်အော်ဒါအတွက် သက်သေအဖြစ်ရိုက်ကူးထည့်သွင်းလာသောပုံများအား ဆီလျော်မှန်ကန်မှုရှိ/မရှိကိုလည်း သက်ဆိုင်ရာ team ဘက်မှ အမြဲစစ်ဆေးမှုပြုလုပ်နေတာကြောင့် အထက်ဖော်ပြပါ(နမူနာပုံများ)အတိုင်း ဆီလျော်မှန်ကန်စွာ ရိုက်ကူးထည့်သွင်းဖို့ အထူးလိုအပ်ပါမယ်။ 

bottom of page