top of page

လုပ်အားခ

လုပ်အားခ ဘယ်လိုရမလဲ?

ပြီးမြောက်အောင် ပို့ဆောင်နိူင်သည့် အော်ဒါတစ်ခုချင်းစီအတွက် ပို့ဆောင်ခရရှိပါမယ်။

လုပ်အားခကို ဘယ်လိုမျိုးတွက်ချက်ရရှိမလဲ?

လုပ်အားခ အနည်း/အများသည် ပို့ဆောင်ရသည့် အကွာအဝေးနှင့် ပို့ဆောင်သူ၏ အဆင့်ရမှတ်များအပေါ် မူတည်ပါတယ်။ ပို့ဆောင်ရသည့်နေရာ ဝေးလေလေ ၎င်းအော်ဒါအတွက် လုပ်အားခသည် များများရရှိလေဖြစ်ပြီး ပို့ဆောင်သူ ရရှိထားသည့်အဆင့်ရမှတ်များအတွက် လုပ်အားခအပြင် ပို့ဆောင်သူ၏အဆင့်အလိုက်ရရှိသည့်(ဘောနပ်စ်) အပါ ထပ်ပေါင်းရရှိပါမည်။

ပြီးမြောက်အောင် ပို့ဆောင်ပြီးသည့် အော်ဒါတိုင်းအတွက် လုပ်အားခအပြင် ပို့ဆောင်ရသည့် အကွာအဝေး အပေါ် တွက်ချက်ပေးမှုသည် အကွာအဝေးကြေးရရှိသည့် မြို့များအတွက်သာ အကျုံးဝင်ပါမည်။ 

အော်ဒါတစ်ခုစီတိုင်းအတွက် အကွာအဝေးကြေးအပါအဝင် လုပ်အားခ ဘယ်လောက်ရရှိမလဲဆိုတာ ဘယ်လိုသိနိူင်မလဲ?

အော်ဒါတစ်ခုဝင်လာတိုင်း အော်ဒါအတွက်ရရှိမည့် ''ခန့်မှန်းလုပ်အားခ'' ကို အခုလိုကြိုတင်မြင်နိူင်ပါတယ်!

Accept.png

အခုလို ''ခန့်မှန်း ပို့ဆောင်ခ'' နှင့် ဝင်လာသည့် အော်ဒါအား လက်ခံမှု (သို့) ငြင်းပယ်မှု ပြုလုပ်ဖို့ အချိန် ၆၀ စက္ကန့် ရပါတယ်။ အော်ဒါများများ လက်ခံမှုပြုလုပ်လေလေ သင်ရဲ့ အော်ဒါလက်ခံမှုနှုန်းမြင့်လေလေဖြစ်ပြီး အော်ဒါလက်ခံမှု များများပြုလုပ်ပါက နောက်ထပ်အော်ဒါအသစ်များလည်း ပိုမိုလက်ခံနိူင်မှာဖြစ်ပါတယ်။ 

Accept N Reject.png

လုပ်အားခကို ဘယ်အချိန်မှာရရှိမလဲ? 

ရှေ့တစ်ပတ်အတွင်း အလုပ်လုပ်ကိုင်ခဲ့တဲ့မိမိရဲ့လုပ်အားခကို နောက်လာမည့်တပတ်ရဲ့သောကြာနေ့မှာ truemoney မှတဆင့်ရရှိမှာဖြစ်ပါတယ်။ 

bottom of page