panda rider များ မင်္ဂလာပါ. . .
ကျွန်တော်တို့ရဲ့ ပို့ဆောင်သူများ ၀င်ငွေတိုးလာမယ့်နည်းလမ်းတွေကို foodpanda အနေနဲ့ အမြဲကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် မတ်လ(၁၃)မှစတင်ပြီး panda rider တို့အနေနဲ့ pandago သုံးစွဲသူ Customer (ကာစတမ်မာ) အချင်းချင်း ပစ္စည်းများပို့ဆောင်နိုင်တဲ့ pandago C2C အော်ဒါများကို စတင်လက်ခံပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်။
pandago ဆိုတာ အသုံးပြုသူ(user) တစ်နည်းအားဖြင့် Customer (ကာစတမ်မာ) အနေနဲ့ panda rider တို့ရဲ့ Delivery bag အတွင်း ထည့်သွင်းသယ်ဆောင်သွားနိုင်မယ့် မည့်သည့်ပစ္စည်းကိုမဆို ပို့ဆောင်ပေးစေလိုတဲ့အခါ ပို့ဆောင်သူ ချက်ချင်းခေါ် ချက်ချင်းပို့လို့ရတဲ့ ပို့ဆောင်ရေး၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် pandago သုံးစွဲသူအချင်းချင်း ပစ္စည်းများပို့ဆောင်နိုင်တဲ့ C2C ဆိုတာ foodpanda သုံးစွဲသူ တစ်နည်းအားဖြင့် Customer (ကာစတမ်မာ)မှ အခြားမည်သူကိုမဆို မည်သည့်ပစ္စည်းဖြစ်စေ ပေးပို့နိုင်မယ့် pandago အော်ဒါအမျိုးအစားဖြစ်ပါတယ်။
ဥပမာ -
-
သုံးစွဲသူ A မှ သူငယ်ချင်းထံသို့ လက်ဆောင်ပို့ပေးခြင်း
-
သုံးစွဲသူ B မှ သုံးစွဲသူ C ထံသို့ အစားအသောက်ပို့ခြင်း
-
ဆိုင် A မှ ၀ယ်သူ E ထံသို့ ပစ္စည်းများပို့ဆောင်ခြင်းများကို
ဆိုလိုပါသည်။
pandago C2C အော်ဒါ ပေးပို့ခြင်း။
ပန်ဒါဂိုးအော်ဒါပေးပို့ခြင်းသည် ပုံမှန်အော်ဒါပေးပို့ခြင်းနှင့် ဆင်တူပါသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ပန်ဒါဂိုးအော်ဒါများအတွက်သင်သည် ရောင်းချသူထံတွင်သာ မဟုတ်ဘဲ နေရာအမျိုးမျိုးမှ အော်ဒါများကိုပါ ပေးပို့နိုင်မည်ဖြစ်ပါသည်။
✔ ပါဆယ်ထုပ်ပေးပို့သူအား ဆက်သွယ်ရန် "sender of the parcel" အောက်တွင် နံပါတ်ကို ကိုးကားကြည့်ရှုရန် လိုအပ်ပါသည်။
✔ ပါဆယ်ထုပ်လက်ခံသူထံ ဆက်သွယ်ရန်၊ "recipient of the parcel" အောက်တွင် နံပါတ်ကို ကိုးကားကြည့်ရှုရန် လိုအပ်ပါသည်။
Rider App အတွင်း C2C အော်ဒါ လက်ခံပို့ဆောင်ပုံ အဆင့်ဆင့်
အမေးများသောမေးခွန်းများ (FAQs)
pandago C2C အော်ဒါကို ဘယ်လိုခွဲခြားသိနိုင်မလဲ?
pandago C2C (သုံးစွဲသူမှ သုံးစွဲသူ) အော်ဒါကုဒ်မှာ ဥပမာ ( pgo - 123456 )
အိမ်အရောက်ငွေချေ (COD)ပို့ဆောင်မှုများ pandago မှာရရှိနိုင်ပါသလား?
pandago မှာ COD ပို့ဆောင်မှုများရရှိပါသည်။
pandago ပို့ဆောင်မှုများကို လက်ခံခြင်းမှ ရှောင်ဖယ်နိုင်ပါသလား?
pandago ပို့ဆောင်မှုများကို အခြားအော်ဒါများနည်းတူ လက်ခံပို့ဆောင်ပေးရမည်ဖြစ်ပါသည်။ ကျွန်တော်တို့ဘက်မှ ပို့ဆောင်သူများအား ၀င်ငွေပိုမိုရရှိနိုင်စေဖို့ အခွင့်အလမ်းများဖန်တီးပေးရန်အတွက် pandago ကို စီစဉ်ဖန်တီးထားခြင်းဖြစ်ပါသည်။ ဒါကြောင့် ပို့ဆောင်သူတို့အနေဖြင့် အကောင်းဆုံး လက်ခံ ပို့ဆောင်ပေးသင့်ပါသည်။
အော်ဒါပါဆယ်ထုပ်လက်ခံသူအား ဆက်သွယ်မရပါက မည်သို့ဆက်လုပ်ရမည်နည်း?
ဆက်သွယ်မရပါက တခြားအော်ဒါများနည်းတူ ပို့ဆောင်သူအကူအညီဌာန(နားကြပ်)သို့ ဆက်သွယ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။ (ဥပမာ။ ။ ပါဆယ်အားပြန်ပို့ရန်၊ အခြားအော်ဒါများဆက်လက်ပို့ဆောင်ရန်၊ အစရှိသဖြင့်လိုက်နာေဆာင်ရွက်ပါ)
pandago C2C အော်ဒါတွင် မည်သည်များသယ်ယူပို့ဆောင်နိုင်သနည်း?
C2C အော်ဒါတွင် သတ်မှတ်ထားသော ပစ္စည်းအမျိုးအစားများသာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။
pandago C2C အော်ဒါကို Customer (ကာစတမ်မာ) ထံသို့ ပို့ဆောင်သည့်အခါ မည်သို့မိတ်ဆက်ရမည်နည်း?
pandago B2C အော်ဒါများအား ပို့ဆောင်သည့်အခါ pick up point ဖြစ်သော ဆိုင်နာမည်အား ပြောဆို၍ရသလို (ဥပမာ - မင်္ဂလာပါ ဘယ်ဆိုင်က ပစ္စည်းလာပို့တာပါ) C2C အော်ဒါများအား ပို့ဆောင်သည့်အခါတွင်လည်း ပေးပို့သူရဲ့ နာမည်ကို ပြောဆိုပို့ဆောင်ပေးရန်လိုအပ်ပါသည်။ (ဥပမာ - ကိုအောင် မှ ပေးပို့တဲ့ပစ္စည်းလာပို့တာပါဟုပြောပေးပါ)