Acerca de

Panda Cup | 2021 ဖူဆယ်ဘောလုံးပြိုင်ပွဲကြီး
Panda Rider များအားလုံး မင်္ဂလာပါ!
ဘောလုံးကစားရတာကို နှစ်သက်သဘောကျပြီး အားလပ်ရက်တွေမှာလည်းစိတ်တူကိုယ်တူဘော်ဒါတွေနဲ့ ရံဖန်ရံခါဘောလုံးကစားနေကြတဲ့ ဘော်ဘော်တွေအများကြီးရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိရှိပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် foodpanda (၂) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် လည်းဖြစ်အောင် ရင်ခုန်ပျော်ရွှင်စိတ်လှုပ်ရှားစရာ ဖူဆယ်ဘောလုံးပြိုင်ပွဲကြီးကို Panda Rider များအတွက် မကြာခင်ယူဆောင်လာတော့မှာဖြစ်ပါတယ်။
ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ တတိယအပတ်/စတုတ္ထအပတ် အတွင်းမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်မြို့ရှိ ဇုန်ပေါင်း (၁၃) ဇုန်မှ foodpanda နှင့်လက်တွဲလုပ်ကိုင်လျက်ရှိတဲ့ Panda Rider များအားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။ ယခုပြိုင်ပွဲကျင်းပရခြင်းမှာ ဇုန်အသီးသီးမှာလုပ်ကိုင်နေတဲ့ Panda Rider တို့အချင်းချင်း ပိုမိုရင်းနှီးခင်မင်စေရန်နှင့် ဘော်ဒါအသစ်များနှင့်တွေ့ဆုံနိုင်ရန် ရည်ရွယ်ပါတယ်။
စိတ်ပါဝင်စားတဲ့ Panda Rider တို့အနေနဲ့ ယခုဖော်ပြပါ Form မှာ လိုအပ်တဲ့ကိုယ်ရေးအချက်အလက် များကို မှန်ကန်ပြည့်စုံစွာတင်သွင်းပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ ည ၁၁ နာရီ ၅၉မိနစ် နောက်ဆုံးထားလျှောက်ထားရပါမယ်။ မဲစနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသူများကို ရွေးချယ်မည်ဖြစ်ပြီး ယှဉ်ပြိုင်ခွင့်ရသူများကို အသင်းများဖွဲ့စည်းပေးပြီး ပြိုင်ပွဲကျင်းပမယ့်နေရာ၊ နေ့ရက်၊ အချိန် အသေးစိတ်ကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။
*ပြိုင်ပွဲဝင် အသင်းတစ်သင်းလျှင် ကစားသမား (၈) ယောက်စီဖြင့် အသင်း(၁၆) သင်းအတွက် ကစားသမား စုစုပေါင်း (၁၂၈) ယောက် ပါဝင် ယှဉ်ပြိုင်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။*
ဒါကြောင့်ဖူဆယ်ဘောလုံးပြိုင်ပွဲဝင်ဖို့ စိတ်ဝင်စားတဲ့ Panda Rider တို့အနေနဲ့ ဖော်ပြပါ Form မှာ ကိုယ်ရဲ့အချက်အလက်မှန်ကန်ပြည့်စုံစွာဖြည့်စွက်ပြီး အချိန်မှီစာရင်းပေးသွင်းထားဖို့ လိုအပ်ပါမယ်နော်။
စာရင်းပေးသွင်းရန် ''စာရင်ပေးမည်'' ကိုနှိပ်ပါ။

foodpanda (၂) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကြီးအတွက် ပဏာမကစားသမားစာရင်းနှင့် အသင်းများထွက်ရှိလို့လာပါပြီ။ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ပါဝင်စားတဲ့ Panda Rider များရဲ့ စာရင်းပေးသွင်းမှုများထဲမှ မဲနှိုက်ရွေးချယ်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ကစားသမားများကို (အထက်ဖော်ပြပါပုံအတိုင်း) အသင်းလိုက်ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။
ပဏာမလူစာရင်းဖြစ်တာကြောင့် လူတွေ့စစ်ဆေးမှုလုပ်သွားမှာဖြစ်ပြီး ကြေညာထားချက်အတိုင်း အခြားသူ၏အချက်အလက်ဖြင့် ကိုယ်စားစာရင်းသွင်းလုပ်ကိုင်လျက်ရှိတဲ့ Panda Rider ကစားသမားများတွေ့ရှိရပါက လူအစားထိုးလဲလှယ်သွားမည်ဖြစ်ပါတယ်။
ဖူဆယ်ဘောလုံးပြိုင်ပွဲကြီးရဲ့ ပွဲစဉ်ပထမနေ့ ၂၁ ဒီဇင်ဘာလမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်အသင်းများရဲ့ ဂိုးရလဒ်များဖြစ်ပါတယ်။

အားသွန်ခွန်စိုက်ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြတဲ့ အသင်းများထဲမှာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိသွားတဲ့ အသင်း(၂)သင်းကတော့ GROUP-A မှ FOCUS PANDA FC (TEAM-2) နဲ့ GROUP-B မှ PANDA DEMON FC (TEAM-7) တို့ပဲဖြစ်ပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၂၂ ရက်မှာ ပြိုင်ပွဲရဲ့ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားသွားကြတဲ့ GROUP-C, GROUP-D မှ
ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိသွားတဲ့ အသင်းတွေကတော့ PANDA DANGER FC နဲ့ GLAXY PANDA FC တို့ဖြစ်ပါတယ်။
foodpanda မြန်မာရဲ့ ၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်ကျင်းပတဲ့ Panda Cup ဖူဆယ်ဘောလုံးပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်တွေကိုတော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ တပြိုက်နက်အသီးသီးပြုလုပ်ကျင်းပဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့က (၁၆)သင်းထဲကမှ ဖိုင်နယ်သို့ရောက်ရှိသွားခဲ့ကြတဲ့အသင်းစုစုပေါင်း (၄)သင်းနှင့်မန္တလေးမြို့တွင်(၁၆) သင်း စုစုပေါင်း (၃၂) သင်း ကစားခဲ့ကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် ကျင်းပြုလုပ်သော ဘောလုံး ပြိုင်ပွဲအတွက်
-
ပထမဆု ကျပ် (၁၅) သိန်း၊
-
ဒုတိယဆု ကျပ် (၁၀) သိန်း၊
-
တတိယဆု ကျပ် (၇) သိန်း၊
-
နှစ်သိမ့်ဆု (၁) သိန်း (၅) သောင်းနဲ့
-
အသန့်ရှင်းဆုံးကစားခဲ့သော အသင်းအတွက် (၁) သိန်းဆုချီးမြှင့်ခဲ့ပြီး
မန္တလေးမြို့မှာ အမျိုးသားဘောလုံး ပြိုင်ပွဲအတွက်
-
ပထမဆု ကျပ် (၇) သိန်း၊
-
ဒုတိယဆု ကျပ် (၄) သိန်း နှင့်
အမျိုးသမီးပြိုင်ပွဲအတွက်
-
ပထမဆု ကျပ် (၂) သိန်း၊
-
ဒုတိယဆု ကျပ် (၁) သိန်း၊
-
အကောင်းဆုံးကစားသမားဆု (ဂိုးသွင်းအများဆုံးဆု) အဖြစ် ကျပ် (၁) သိန်းအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။
ပြိုင်ပွဲမှာ အားသွန်ခွန်စိုက်ပါဝင်ပြီး ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Panda Rider တို့တစ်ဦးချင်းစီကိုလည်း
အထူးပဲကျေးဇူးတင်ရှိကြောင်းပြောလိုရင်း ပြိုင်ပွဲအမှတ်တရဓာတ်ပုံများကို မျှဝေလိုက်ပါတယ်။