
''တထောက်နားကာ ဝင်ယူလှည့်ပါ panda rider များအတွက် နေ့လယ်စာ''
Panda Riders တို့ရေ...
ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာလည်း ပြည်သူတွေလိုအပ်တဲ့အစားအသောက်နဲ့ကုန်စုံတွေကို အကောင်းဆုံး ကြိုးစားပိုဆောင်ပေးနေကြတဲ့ panda rider များအားလုံးကို အထူးကျေးဇူးတင်တဲ့အနေနဲ့ ပါတနာစားသောက်ဆိုင်များနဲ့ လက်တွဲပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ panda riders တွေအတွက် နေ့လယ်စာ အခမဲ့ လာရောက် ထုတ်ယူနိုင်ရန်စီစဉ်ထားပါတယ်။
လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ ၂၀၂၁ စက်တင်ဘာလ (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ နေ့လယ်စာ အခမဲ့ စတင်ထုတ်ယူနိုင်မယ့်အချိန်ကို နေ့လယ် (၁) နာရီ ပြောင်းလဲသတ်မှတ်ပေးထားပါတယ်။ လာရောက်ထုတ်ယူနိုင်တဲ့နေရာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ panda riders များအနေဖြင့် ကိုယ်နဲ့ အနီးဆုံးနေရာမှာ သွားရောက်ထုတ်ယူနိုင်ပါတယ်။


အမြို့မြို့ အနယ်နယ်က panda rider များအားလုံးအတွက် စီစဥ်ပေးထားတာဖြစ်ပြီး panda rider တစ်ဦးကို တစ်ရက်လျှင် နေ့လယ်စာတစ်ဘူးနှင့် အအေးတစ်ဘူး တို့ကိုထုတ်ယူနိုင်မှာဖြစ်ပါတယ်။ လာရောက်ထုတ်ယူကြမယ့် panda rider အယောက်စီတိုင်း နေ့လယ်စာရရှိနိုင်ရန် စီစဉ်ပေးထားမှာဖြစ်တဲ့အတွက် လာရောက်ထုတ်ယူချိန်မှာလူများတဲ့အချိန်နဲ့ ကြုံကြိုက်ခဲ့ပါက စနစ်တကျတန်းစီစောင့်ဆိုင်းပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။
ဒီတစ်ပတ်ပြီးသွားရင် နေ့လယ်စာစီစဥ်ပေးမယ့်နေ့ရက်တွေကတော့ ၂၀၂၁ စက်တင်ဘာ ၂၅ ၊ ၂၆ နှင့် အောက်တိုဘာ ၂ ၊ ၃ ရက်များဖြစ်ပါတယ်။ အားလုံးဘဲ ဒီပိတ်ရက်မှာဆုံကြမယ်နော်! 😉
Photos From foodpanda (Myanmar Official Facebook Page)