top of page

Acerca de

Foodpanda -- APAC -- Rider Loyalty Programme visuals - FGD-113919-02.png

panda rider များ မင်္ဂလာပါ … 

 

ယခင် ပန်ဒါစုဗူး Panda Suboo  ကို ၂၀၂၂ ဇူလိုင်(၁)ရက်မှစတင်ပြီး အဆင့်မြှင့်တင် ပြောင်းလဲထားတဲ့ Bamboo Rewards အစီအစဉ်အသစ်
ကနေကြိုဆိုပါတယ်။ panda rider များအနေနဲ့ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ရရှိစေဖို့ရည်ရွယ်ပြီး ပြောင်းလဲမှုအနည်းငယ်ကို
လည်း ပြုလုပ်ထားပါတယ်။

 

  • ဒါကတော့ panda riderတို့ စုဆောင်းရရှိထားတဲ့ပွိုင့်တွေကို ဆုပစ္စည်းတွေနဲ့ လဲလှယ်ရယူနိုင်မှာဖြစ်ပြီး ပွိုင့်အရေအတွက်အလိုက်
    ဆုပစ္စည်းအမျိုးမျိုးရှိမှာဖြစ်ပါတယ်။ အော်ဒါများများပို့ဆောင်နိုင်လေ ပွိုင့်တွေများများရရှိလေဖြစ်ပြီး ရရှိတဲ့ပွိုင့်တွေနဲ့ ဆုပစ္စည်းတွေ
    ကို လဲလှယ်နိူင်မှာပါ!

     

  • အမြင့်ဆုံးဆုပစ္စည်းတွေနဲ့ လဲလှယ်နိုင်ဖို့အတွက် panda rider တို့အနေနဲ့ မိမိတို့ရရှိထားတဲ့ပွိုင့်တွေကို လအနည်းငယ်ကြာတဲ့အထိ
    စုဆောင်းထားလို့ရနိုင်ပါတယ်။ (ဥပမာ - ဆုပစ္စည်းတွေထဲမှာ လျော့ဈေး ဘောင်ချာတွေ၊ အရည်အသွေးကောင်းမွန်တဲ့ foodpanda
    ပို့ဆောင်ရေးသုံးပစ္စည်းတွေနဲ့ အခြားဆုပစ္စည်းတွေကိုလည်း ဆက်လက်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်)

Bamboo Rewards  အစီအစဉ်ဆိုတာ ဘယ်လိုမျိုးလဲ.?

အဓိကအားဖြင့် သိရှိထားရမယ့် အချက်(၂)ခု ရှိပါမယ် :

how it works.png

အဆင့်များ (Tiers) :

အထက်ဖော်ပြပါအတိုင်း သင့်၏အဆင့်(Tier)ပေါ်မူတည်ပြီး panda rider shop မှတဆင့် သင်တောင်းဆိုနိုင်သော ဆုအမျိုးအစားများကို သတ်မှတ်ပေးမည်ဖြစ်သည်။ သင်အဆင့်မြင့်လေ ဆုတွေက ပိုကောင်းလေပါပဲ ၊သင့်အဆင့်သည် Quater/(၃-လတဖြတ်)တစ်ခုစီတွင် သင်စုဆောင်းထားသော အမှတ်များပေါ်မူတည်ပြီး အဆင့်(Tier)တစ်ခုစီတိုင်းအတွက် အချိန် (၃)လ သက်တမ်းရရှိပါမည်။ 

Tiers.png

ဥပမာ - သင်က ဇန်န၀ါရီမှ မတ်လအတွင်း ပို့ဆောင်ထားသည့်အော်ဒါပေါင်း (၇၀၀)ခု ပြီးမြောက်ထားပါက၊ ဧပြီလမှ ဇွန်လအတွက် သင့်၏အဆင့်(Tier)သည် Silver အဆင့်ဖြစ်မည်။ ထို့အပြင်သင်သည် ဧပြီမှ ဇွန်လအထိ ပို့ဆောင်ထားသည့် အော်ဒါပေါင်း(၁၁၃၀)ပို့ဆောင်ခဲ့ပါက ဇူလိုင် မှ စက်တင်ဘာလအတွက် သင်၏အဆင့်သည် Platinum အဆင့်(Tier) ဖြစ်ပါမည်။

 ဆုပစ္စည်းများ ( Prizes) :

Prizes.jpg
  1. ပြီးမြောက် ပို့ဆောင်ပြီးတဲ့ အော်ဒါ(၁)ခုချင်းစီတိုင်းအတွက် Bamboo ပွိုင့်(၁) ပွိုင့်ရရှိပါမည်ဖြစ်သည်။

  2. သင်ပြီးမြောက်အောင် ပို့ဆောင်ထားသည့် အော်ဒါအရေအတွက်အား တွက်ချက်ပြီး သင်ပွိုင့်မည်မျှရရှိနေသည်ကို သိရှိနိုင်ပါသည်။ သင်ရရှိမည့်အဆင့်အတွက် ပြီးခဲ့သော Quarter/ (၃)လတဖြတ်အတွင်းက ရရှိခဲ့သည့် Bamboo ပွိုင့်အရေအတွက်အား တွက်ချက်ပြီး ရောက်ရှိမည့်သင့်ရဲ့အဆင့်ကို သိရှိနိုင်မည်ဖြစ်သည်။

  3. ဆုပစ္စည်း လဲလှယ်ဖို့အတွက် Panda Rider Shop မှာ သင့်ရဲ့အကောင့်ဖြင့် ၀င်ရောက်ပါ။ လဲလှယ်ရယူနိုင်မည့် ဆုပစ္စည်းတွေကို မြင်တွေ့ရပါမည်။

  4. Panda Shop မှာ လဲလှယ်မည့် ဆုပစ္စည်း အမျိုးအစားကို ရွေးချယ်ပြီးနောက် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး လဲလှယ်ဖို့ အော်ဒါတင်ပြီးတဲ့အခါ သက်ဆိုင်ရာ foodpanda ရုံး (Hub) သို့ အော်ဒါ အမှတ်နှင့်အတူ လာရောက်ပြီး ဆုပစ္စည်းကို ထုတ်ယူနိူင်ပါပြီ။ 

PR-1.jpg
PR-2.jpg
PR-3.jpg
PR-4.jpg

panda rider shop မှာ
အကောင့်ဘယ်လို၀င်ရောက်ရမလဲ :

Login process-1.jpg
Login process-2.jpg

 အမေးများသောမေးခွန်းများ (FAQs) :

အဆင့်(Tier)နဲ့ ရရှိတဲ့ပွိုင့်တွေက ဘယ်လိုကွာခြားမှုရှိသလဲ?
ပွိုင့်ဆိုတာ လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းအရေအတွက်နဲ့ ပမာဏကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး ပြီးမြောက်အောင်ပို့ဆောင်တဲ့ အော်ဒါတစ်ခုစီအလိုက် ပွိုင့်ရရှိမှာဖြစ်ပါတယ်။ အော်ဒါ(၁)ကြောင်း ပို့ဆောင်ပြီးတိုင်း (၁)ပွိုင့်ရရှိမှာပါ။ လတစ်လပြီးဆုံးတိုင်း ထိုလမှာပို့ဆောင်ခဲ့တဲ့ အော်ဒါအရေအတွက်အလိုက် ရရှိမယ့်ပွိုင့်တွေကိုတော့ panda rider shop ကတဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။

 

အဆင့်(Tier)ဆိုတာကတော့ အော်ဒါများများပို့နိုင်တဲ့ panda rider တို့က အဆင့်(Tier)အမြင့်မှာ ရှိနေမှာဖြစ်ပြီး ဆုပစ္စည်းတွေကို ပွိုင့်တွေနဲ့ လဲလှယ်တဲံအခါမှာ ပိုမိုအမျိုးအစားကောင်းမွန်တဲ့ ဆုပစ္စည်းတွေနဲ့ လဲလှယ်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
 

ဆုပစ္စည်းတွေ လဲလှယ်ရယူတဲ့နေရာမှာ အချိန်ကန့်သတ်ထားချက်ရှိပါသလား?
ဇူလိုင်လမှ ဒီဇင်ဘာလကုန်အထိ စုဆောင်းထားတဲ့ပွိုင့်တွေက ဇန်နဝါရီလ(၃၁)ရက်နေ့အထိ   အကျုံးဝင်ပါတယ်။

 

ဆုပစ္စည်းလဲလှယ်ပြီးတိုင်း အဆင့်ပြောင်းလဲသွားမှာလား?
မပြောင်းလဲပါ။ အဆင့်တွေက (၃)လ သက်တမ်းရှိနေမှာဖြစ်ပြီး ဆုပစ္စည်းလဲလှယ်ပြီးတဲ့အခါတိုင်း အဆင့်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုပစ္စည်းလဲလှယ်ပြီးတိုင်းမှာတော့ ရရှိထားတဲ့ပွိုင့်တွေထဲက လဲလှယ်လိုက်တဲ့ဆုပစ္စည်းနဲ့ညီမျှတဲ့ပွိုင့်ကို နုတ်သွားမှာဖြစ်ပါတယ်။

 

ပွိုင့်နဲ့လဲလှယ်လိုက်တဲ့ ဆုပစ္စည်းတွေကို ဘယ်လိုလက်ခံရရှိမလဲ?
(foodpanda အီလက်ထရောနစ် ဘောင်ချာများမှလွဲပြီး) ကျန်အခြားဆုပစ္စည်းတွေကို သက်ဆိုင်ရာ foodpanda ရုံးမှာ လာရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

(
panda rider shop မှာ ၀ယ်ယူရရှိနိုင်သော foodpanda ပို့ဆောင်အသုံးအဆောင်ပစ္စည်းအချို့နှင့် foodpanda ဘောင်ချာများ) : ပွိုင့်နှင့်လဲလှယ်တောင်းဆိုထားသော foodpanda ဘောင်ချာနှင့် အခြားသော လျော့ဈေးဘောင်ချာများကို တစ်လလျှင်(၁)ကြိမ် စာရင်းပြုစုပြီး ပို့ဆောင်ရေးအက်ပ်> Menu bar> Inbox မှတဆင့် ပေးပို့လာမည်ဖြစ်ပါသည်)

 

ဆုပစ္စည်းတွေ အပြောင်းအလဲရှိနိုင်ပါသလား?
ဆုပစ္စည်းများကို ဦးရာလူစနစ်အခြေခံပြီး လဲလှယ်ထုတ်ယူနိုင်မှာဖြစ်တဲ့အပြင် လဲလှယ်ရယူနိုင်တဲ့ဆု ပစ္စည်းအသစ်များ ထပ်တိုးထည့်သွင်းတဲ့အခါတိုင်း (သို့) လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းလက်ကျန်ကုန်သွားတဲ့အခါ ဆုပစ္စည်းလဲလှယ်ဖို့စောင့်ဆိုင်းရမယ့်စာရင်းမှာ သင့်ကိုထည့်သွင်းထားတဲ့အခါတိုင်း အသိပေးသွားမှာပါ။ လဲလှယ်ရယူနိုင်တဲ့ ဆုပစ္စည်းတွေကတော့ ပစ္စည်းလက်ကျန်ရှိမူအပေါ်မူတည်ပါတယ်။ 

 

ပို့ဆောင်မှုမလုပ်ဘဲ အနားယူထားတဲ့အခါ ကျွန်ုပ်ရရှိထားတဲ့ပွိုင့်တွေ ဆက်လက်အကျုံးဝင်နိုင်ပါသေးသလား?
အကျုံးဝင်ပါတယ်။ ပို့ဆောင်မှုမလုပ်ဘဲ အနားယူထားသော်လည်း ပွိုင့်တွေက (၆)လ သက်တမ်းရှိတဲ့အတွက် သက်တမ်းကာလတလျှောက် ပွိုင့်တွေကိုအသုံးပြုနိုင်မှာပါ။ ဒါပေမယ့် ပို့ဆောင်မှုရပ်လိုက်တဲ့အခါမှာတော့ သင့်ပွိုင့်လက်ကျန် ထပ်တိုးလာမှာမဟုတ်ပါဘူး။

 

ပွိုင့်တွေကို လွှဲပြောင်းခြင်း (သို့) သူငယ်ချင်းရဲ့ လက်ကျန်ပွိုင့်နှင့်ထည့်ပေါင်းခြင်းများ ပြုလုပ်နိုင်ပါသလား?
ပွိုင့်တွေကို လွှဲပြောင်းခြင်း (သို့) သူငယ်ချင်း လက်ကျန်ပွိုင့်နှင့်ပေါင်းခြင်းများ ပြုလုပ်၍မရနိုင်ပါ။


Bamboo ပွိုင့်များ သက်တမ်းကုန်ဆုံးသော အချိန်ဇယားဖော်ပြထားမှု ရှိပါသလား?
ရှိပါတယ်။ အောက်ပါဇယားတွင် အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

the points expiry.png

အဆင့်သတ်မှတ်ချက်(Tier)အလိုက် လဲလှယ်နိုင်သောဆုပစ္စည်းတွေ ကွာခြားမှုရှိနိုင်ပါသလား? 
အထက်ဖော်ပြပါအတိုင်း သင့်၏အဆင့်(Tier)အပေါ်မူတည်ပြီး panda rider shop မှတဆင့် သင်တောင်းဆိုနိုင်သော ဆုအမျိုးအစားများကို သတ်မှတ်ပေးမည်ဖြစ်သည်။    သင်အဆင့်မြင့်လေ ဆုတွေက ပိုကောင်းလေပါပဲ ၊သင့်အဆင့်သည် Quater/(၃-လတဖြတ်) တစ်ခုစီတွင် သင်စုဆောင်းထားသော အမှတ်များပေါ်မူတည်ပြီး အဆင့်အတွက် အချိန် (၃) လ သက်တမ်းရှိပါမည်။ 

 

ဥပမာ - သင်က ဇန်န၀ါရီမှ မတ်လအတွင်း ပို့ဆောင်ထားသည့်အော်ဒါပေါင်း (၇၀၀)ခု ပြီးမြောက်ထားပါက၊ ဧပြီလမှ ဇွန်လအတွက် သင့်၏အဆင့်(Tier)သည် Silver အဆင့်ဖြစ်မည်။ ထို့အပြင်သင်သည် ဧပြီမှ ဇွန်လအထိ ပေးပို့မှုအော်ဒါပေါင်း(၁၁၀၀)ပို့ဆောင်ခဲ့ပါက ဇူလိုင် မှ စက်တင်ဘာလအတွက် သင်၏အဆင့်သည် Platinum ပလက်တီနမ်အဆင့်ဖြစ်ပါမည်။


Bamboo Rewards Program မှာ လုံလောက်တဲ့ပွိုင့်ရှိတဲ့ panda rider တိုင်း လဲလှယ်ခွင့်ရှိတဲ့ ဆုပစ္စည်းတွေနဲ့ လဲလှယ်လို့ရနိုင်မှာလား? 
panda rider တိုင်း ယခုအစီအစဉ်မှာ အကျုံးဝင်ပါတယ်။ သို့သော် ရုံးသို့ပေးထားသော ကိုယ်ရေးအချက်အလက်နဲ့ ကိုက်ညီမှုမရှိတဲ့ panda rider များအနေနဲ့ လုံလောက်တဲ့ပွိုင့်ရှိထားသော်လည်း ဤအစီအစဉ်မှာ အကျုံးဝင်နိူင်မှာမဟုတ်ပါဘူး။ foodpanda Myanmar ဘက်မှ Bamboo Rewards အစီအစဉ်အား အချိန်မရွေး ဖျက်သိမ်းခြင်း /  ပြီးဆုံးခြင်းပြုလုပ်နိင်သည်ကို သိရှိထားရမည်ဖြစ်ပြီး Bamboo ပွိုင့်များသည်လည်း foodpanda Myanmar ၏ တစ်ဦးတည်းပိုင်ဆိုင်မှုဖြစ်ကြောင်းကိုလည်း သိရှိထားရပါမည်။


Bamboo Rewards  အစီအစဉ်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်တစ်စုံ၊တစ်ရာပေါ်ပေါက်ခဲ့ပါက မည်သို့ဖြစ်လာနိုင်ပါသလဲ?
Bamboo Rewards  အစီအစဉ်သည် panda rider တို့ရဲ့ ကြိုးစားလုပ်ကိုင်မှုများအပေါ် အသိမှတ်ပြုသည့်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ထားသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ အစီအစဉ်နှင့်ပတ်သက်ပြီး ပြောင်းလဲချက်၊ ပြင်ဆင်ချက်များရှိပါက  foodpanda  Myanmar ဘက်မှ ကြိုတင်အသိပေးပြောင်းလဲမည်ဖြစ်ပြီး အငြင်းပွားဖွယ်ရာကိစ္စတစ်စုံတစ်ရာရှိလာပါက foodpanda Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟု ယူဆရပါမည်။

bottom of page