top of page
Product New Feature Cover.png

အသစ်ပြောင်းလဲထားသော
ပို့ဆောင်ရေးလုပ်ငန်းစဉ်စာမျက်နှာများ
[NEW DELIVERY SCREENS]

ပို့ဆောင်ရေးလုပ်ငန်းဆောင်တာများ ပိုမိုလွယ်ကူအဆင်ပြေစေဖို့နဲ့ အတွေ့အကြုံကောင်းများဆက်လက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့
Panda Rider များရဲ့အကြံပြုချက်များအရ ပို့ဆောင်ရေးအက်ပ်အတွင်း ပို့ဆောင်မှုလုပ်ငန်းစဉ်စာမျက်နှာအသစ်(၃)ခုကို ပြောင်းလဲထားပါသည်။ 

  1. “On The Way to Vendor" screen ''ဆိုင်သို့ အော်ဒါသွားရောက်ယူဆောင်နေပါပြီ'' စာမျက်နှာ

  2. “On The Way To Customer” screen / ''ကာစတမ်မာဆီသို့ ပို့ဆောင်နေပါပြီ'' စာမျက်နှာ

  3. “On the way to Return” screen / ''ဇုန်အတွင်းသို့ ပြန်လာနေပါပြီ'' စာမျက်နှာ

၁) “On The Way to Vendor" screen / ''ဆိုင်သို့ အော်ဒါသွားရောက်ယူဆောင်နေပါပြီ'' စာမျက်နှာ

အော်ဒါအသစ်တစ်ခုဝင်လာပြီဆို ''Deliveries''
စာမျက်နှာမှာ အခုလိုမြင်တွေ့ရပါမယ်။

အော်ဒါအားလက်ခံပြီးနောက် ''On The Way to Vendor'' စာမျက်နှာကို မြင်တွေ့ရပါမယ်။ အော်ဒါယူဆောင်ရမည့်ဆိုင်သို့ရောက်ရှိတာနဲ့ ''Arrived at vendor'' ကိုနှိပ်ပြီး အော်ဒါအားစစ်ဆေးယူဆောင်ရပါမယ်။ 

Incoming order.png

ပို့ဆောင်ရေးမြေပုံ

အော်ဒါယူဆောင်ရမည့်
ဆိုင်လိပ်စာအသေးစိတ်

ပို့ဆောင်ရမည့်လိပ်စာအသေးစိတ်

"အော်ဒါလက်ခံမည်''
ခလုတ်

ရရှိမည့်ခန့်မှန်း
လုပ်အားခ

1.png

အော်ဒါယူဆောင်ရမည့်
ဆိုင်လိပ်စာအသေးစိတ်

ကတိပြုထားသည့်
ရောက်မည့်အချိန်

ပို့ဆောင်ရေးမြေပုံ

ကာစတမ်မာနှင့်စကားအပြန်အလှန်ပြောဆို
နိုင်သည့်ချက် Chat

ဆိုင်သို့ရှောက်ရှိလျှင်
နှိပ်ရမည့်ခလုတ်

၂) “On The Way To Customer” screen /    ''ကာစတမ်မာဆီသို့ ပို့ဆောင်နေပါပြီ'' စာမျက်နှာ

အော်ဒါအဆင်သင့်ဖြစ်ပါက Pickup ခလုတ်အားနှိပ်၍ ဆိုင်မှအော်ဒါအားစစ်ဆေးယူဆောင်ပြီး ကာစတမ်မာဆီသို့ပို့ဆောင်ရပါမယ်။ ပို့ဆောင်နေစဉ်မှာ ''On The Wayto Customer'' စာမျက်မှာကိုမြင်နေရပါမယ်။ ကာစတမ်မာဆီသို့ရောက်ရှိပါက''Arrived at the customer'' ခလုတ်ကိုနှိပ်ပါ။ 

2.png

ကာစတမ်မာ၏လိပ်စာအသေးစိတ်

ကာစတမ်မာဘက်မှ
မှာကြားထားမှုများ

ပို့ဆောင်ရေးမြေပုံ

ကာစတမ်မာနှင့်စကားအပြန်အလှန်ပြောဆို
နိုင်သည့်ချက် Chat

ကာစတမ်မာဆီသို့
ရောက်ရှိပါက''Arrived at the customer'' ခလုတ်
ကိုနှိပ်ပါ။ 

၃) “On the way to Return” screen /     ''ဇုန်အတွင်းသို့ ပြန်လာနေပါပြီ'' စာမျက်နှာ

အကြောင်းအမျိုးမျိုးကြောင့် အော်ဒါ Cancel ဖြစ်ပွားပါက အော်ဒါပစ္စည်းအားဆိုင်သို့ ပြန်လည်ထားရမည်ဖြစ်ပြီး ဆိုင်သို့ပြန်သွားနေစဉ်အတွင်း ''On The Way to Vendor'' စာမျက်နှာကိုမြင်တွေ့နေရပါမယ်။ ဆိုင်ကိုရောက်ရှိပြီး အော်ဒါထားပြီးပါက ''Arrived at the vendor'' ခလုတ်ကိုနှိပ်ပြီး ပြီးမြောက်ပါ။ 

1.png

ပို့ဆောင်ရမည့်နေရာ
လိပ်စာအသေးစိတ်

ကတိပြုထားသည့်
ရောက်မည့်အချိန်

ပို့ဆောင်ရေးမြေပုံ

ဆိုင်သို့ရှောက်ရှိလျှင်
နှိပ်ရမည့်ခလုတ်

အတွေ့အကြုံကောင်းများနှင့် ပိုမိုတိုးတက်အဆင်ပြေစေဖို့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်မြှင့်တင်လုပ်ဆောင်သွားပါမယ်။ ဆက်လက်ပြီးလည်း ကျွန်တော်တို့ရဲ့ Panda Rider များ၏ တုံ့ပြန်ချက်၊ အကြံပြုချက်များကိုနားထောင်ပြီး အထောက်အပံ့ကောင်းတွေရစေဖို့ ကြိုးစားသွားပါမယ်။ 
 

iOS အသုံးပြုသူများအတွက် လာမည့်ရက်သတ္တပတ်အတွင်း ပို့ဆောင်ရေးစာမျက်နှာအသွင်သစ်ကို အသုံးပြုနိုင်အောင်လုပ်ဆောင်
နေပါတယ်။ iOS တွင် လုပ်ဆောင်ပြီးစီးပါက အချိန်နှင့်တပြေးညီအသိပေးသွားပါမယ်။ ကျေးဇူးတင်ပါတယ်!

bottom of page