top of page
Dispatch နဲ့ ဘယ်လိုပြောဆိုမလဲ?
အလုပ်ချိန်အတွင်း အော်ဒါလက်ခံပို့ဆောင်နေချိန်တွင် မှာယူသူဘက်မှဖြစ်စေ၊ ဆိုင်ရှင်ဘက်မှဖြစ်စေ ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်၍ တစ်စုံ၊တစ်ခုပေါ်ပေါက်လာပါက သက်ဆိုင်ရာ Dispatch ထံသို့ နားကြပ်ပုံမှတဆင့် ဆက်သွယ်အကူအညီတောင်းယူနိုင်ပါသည်။
မိမိတည်၏နေရာနှင့် အော်ဒါသွားရောက်ယူရမည့် ဆိုင်၏တည်နေရာ အလွန်ကွာဝေးနေသည့်အခါ
မှာယူသူနှင့် ဆက်သွယ်၍မရခြင်း/လိပ်စာအတိအကျ မသိရသည့်အခါ
ဆိုင်ဘက်တွင် မှာယူထားသည့် ပစ္စည်း/မီနူးတစ်ခုမရသည့်အခါ
မိမိတည်၏နေရာနှင့် အော်ဒါသွားရောက်ယူရမည့် ဆိုင်၏တည်နေရာ အလွန်ကွာဝေးနေသည့်အခါ...

ကျွန်တော်/ကျွန်မရဲ့ လက်ရှိတည်နေရာနဲ့ အော်ဒါသွားယူရမယ့် ဆိုင်ရဲ့တည်နေရာ အကွာအဝေးက အလွန်ဝေးနေလို့ပါ။ ကျေးဇူးပြုပြီး ဒီအော်ဒါကို အခြားတစ်ဦးဆီ လွှဲပြောင်းပေးနိုင်မလား?
မှာသူရဲ့လိပ်စာနဲ့ ဆိုင်ရဲ့တည်နေရာ အကွာအဝေးက အလွန်ဝေးနေတယ်လို့ ထင်ပါတယ်။ ကျေးဇူးပြုပြီး မှာယူသူရဲ့လိပ်စာကို Google Map မှာတချက် စစ်ဆေးကြည့်ပေးနိုင်မလား?
မှာယူသူနှင့် ဆက်သွယ်၍မရခြင်း/
လိပ်စာအတိအကျ မသိရသည့်အခါ...

အော်ဒါထဲမှာ မှာယူသူရဲ့လိပ်စာ အပြည့်အစုံမတွေ့ရလို့ ကျေးဇူးပြုပြီး မှာယူသူဘက်ကို တချက်ဆက်သွယ်ကြည့်ပေးလို့ရမလား? အော်ဒါမှာပါရှိတဲ့ လိပ်စာအတိုင်း ရှာဖွေဖို့ အခက်ခဲရှိနေလို့ပါ။
ကျေးဇူးပြုပြီး မှာယူသူဘက်ကို တချက်ဆက်သွယ်ကြည့်ပေးနိုင်မလား? ကျွန်တော်/ကျွန်မဘက်ကနေ ချက်ဘောက်စ်/ဖုန်းကတဆင့် မှာယူသူဘက်ကို ဆက်သွယ်ခဲ့ပြီးပါပြီ။ အကြောင်းပြန်မှု တစ်စုံ၊ တစ်ရာမရလို့ပါ။
ဆိုင်ဘက်တွင် မှာယူသည့် ပစ္စည်း/ မီနူးမရသည့်အခါ...

ဆိုင်မှာ မှာယူထားတဲ့ အော်ဒါပစ္စည်း/မီနူးတစ်ခုမရနိုင်တော့လို့ ကျေးဇူးပြုပြီး ဒီအော်ဒါကို ကျွန်တော်/ကျွန်မရဲ့ထံမှ ပယ်ဖျက်ပေးနိုင်မလား?
အကယ်၍ မှာယူထားသည့်အော်ဒါအတွက် ဆိုင်ဘက်တွင် မီနူအားလုံးမရရှိတာမျိုးမဟုတ်ဘဲ ပစ္စည်း/မီနူးအချို့ပဲ မရနိုင်တာမျိုးဖြစ်ပါကလဲ အလားတူ Dispatch သို့ ဆက်သွယ်အကြောင်းကြားပါ။
bottom of page