Ticket ဘယ်လိုတင်ရမလဲ?
Roadrunner အက်ပ်ရဲ့ Menu bar-> Rider Support ကိုဝင်ရောက်ပြီး ''+'' ပုံစံကိုနှိပ်ကာ Ticket အသစ်တစ်စောင် တင်နိုင်ပါတယ်။



''Please select an option'' နေရာတွင် ရေးသားပေးပို့လိုသည့် အကြောင်းအရာအမျိုးအစားကို ရွေးပါ။
အကြောင်းအရာ
အမျိုးအစား
Apps & Tools
သက်ဆိုင်သည့် အကြောင်းအရာများ
Roadrunner အက်ပ်၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ အဆင်မပြေမှု (ဥပမာ- အက်ပ်ဗားရှင်းကြောင့် အသုံးပြု၍မရခြင်း၊ အက်ပ်ပလီကေးရှင်း ဆက်တင်ချိန်ညှိခြင်းနှင့်သက်ဆိုင်သည့် အခက်ခဲများ၊ အကောင့်ဝင်ရောက်၍မရခြင်း စသဖြင့်...)
Benefits
လုပ်အားခငွေရရှိမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာ (ဥပမာ- လုပ်အားခငွေ အချိန်မှီမရရှိခြင်း၊ လုပ်အားခရရှိသည့်နေ့တွင် လုပ်အားခငွေ ရောက်မလာခြင်း၊ လုပ်အားခငွေ မှားယွင်းနေခြင်း စသဖြင့်...)
Cash Collection
အလုပ်ချိန်အတွင်း ရရှိထားသောငွေများအား foodpanda Biller အကောင့်သို့ ပြန်လည်အပ်နှံမှုနှင့်ပတ်သက်သည့် အကြောင်းအရာ (ဥပမာ- ပြန်လည်အပ်နှံရမည့်ငွေပမာဏ မှားယွင်းခြင်း၊ Wallet အတွင်းရှိငွေပမာဏ လွဲမှားနေခြင်း၊ ငွေပြန်လည်အပ်နှံရမည့်ရက်ထက် ကျော်လွန်ခဲ့ခြင်း စသဖြင့်...)
Contracts and
Documents
ကန်ထရိုက်တာ၏ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း၊ စာချုပ်အတွက် လိုအပ်သည့် စာရွက်၊စာတမ်းများ ပေးပို့ခြင်း (ဥပမာ- ထောက်ခံစာ၊ ကိုယ်ရေးအချက်အလက်များနှင့်သက်ဆိုင်သည့် စာရွက်၊ စာတမ်းများ ပေးပို့ရန်လိုအပ်သည့်အခါ စသဖြင့်...)
Equipment & Deposit
ရုံးမှထုတ်ပေးထားသည့် ပို့ဆောင်ရာတွင်အသုံးပြုရသည့်ပစ္စည်းများ (ပစ္စည်း/အစားအသောက်ထည့်ရန် ပုံး၊ ဦးထုတ်၊ အင်္ကျီ) ပြန်လည်အပ်နှံလိုခြင်း သို့မဟုတ် လဲလှယ်လိုခြင်း/ ပျောက်ဆုံးသွားခြင်း၊ ပို့ဆောင်ရာတွင်အသုံးပြုရသည့်ပစ္စည်းများအား ထုတ်ယူရန်ကျန်ရှိနေခြင်းနှင့် ထိုပစ္စည်းများအား ရုံးသို့ ပြန်လည်အပ်နှံပြီး Deposit ငွေပြန်လည်ထုတ်ယူလိုခြင်း စသည့် အကြောင်းအရာနှင့်ပတ်သက်သည့်ကိစ္စများ
Insurance
အာခံထားခြင်းဆိုင်ရာ ကိစ္စများ (ဥပမာ- ယာဉ်/အသက်အာမခံ စသဖြင့်...)
My Shift
အလုပ်ချိန်(Shift) ပျက်ကွက်ခြင်း၊ ဘိုကင်ယူထားသော အလုပ်ချိန်နှင့်ပတ်သက်၍ အဆင်မပြေမှု၊ အလုပ်ချိန်အတွင်း အော်ဒါပယ်ဖျက်မှုဖြစ်ပွားခြင်း (သို့) အော်ဒါတွင် ပစ္စည်း/မီနူး တစ်ခုမရခြင်းကြောင့် မိမိရဲ့ Wallet တွင်ပေါင်းသွားသည့် စုစုပေါင်းကျသင့်ငွေအား ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်သည့်အခါ စသည့်အကြောင်းအရာကိစ္စများ
Personal Details
မိမိ၏ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲလိုခြင်း (ဥပမာ- အမည်, ရုံးသို့ပေးထားသည့် ဖုန်းနံပါတ်, level-2 ဖြစ်ထားသော Wave အကောင့်နံပါတ်, ယာဉ်အမျိုးအစားနှင့်ပတ်သက်၍ ပြောင်းလဲလိုသည့်အခါ စသဖြင့်...)
Sickness &
Vacation
ဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းနှင့် ခရီးသွားနေခြင်း စသည့်တို့ကြောင့်
အလုပ်မှအနားယူရန် အကြောင်းကြားခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာကိစ္စများ
Covid19
Covid19 ရောဂါကူးစက်ခံရခြင်း (သို့) Quarantine ဝင်ရောက်နေရသည့် အကြောင်းအရာကိစ္စအား အသိပေးတင်ပြခြင်း
''Please select an option'' တွင် ရေးသာပေးပို့လိုသည့် အကြောင်းအရာအမျိုးအစားကို ရွေးပြီးသည့်နောက်တွင် အချို့အကြောင်းအရာများအတွက် အကြောင်းအရာတိကျမှုရှိစေရန် ''Please be more specific'' ဆိုပြီး ထပ်မံမြင်တွေ့ရပါလိမ့်မည်။ ထိုနေရာတွင် ပေးပို့လိုသည့်အကြောင်းအရာနှင့် သက်ဆိုင်သည့် အကြောင်းအရာအား ထပ်မံရွေးချယ်ပေးပါ။
အောက်ဖော်ပြပါနမူနာပုံအတိုင်း ''Please be more specific'' နေရာတွင် အကြောင်းအရာ ခေါင်းစဉ်တစ်ခုအား ထပ်မံရွေးချယ်ပါ။


Subject နေရာတွင် မိမိအကြောင်းအရာ၏ ခေါင်းစဉ်အား လိုတိုရှင်းရေးပါ။
Description နေရာတွင် နေရာတွင် မိမိရေးသားပေးပို့လိုသည့် အကြောင်းအရာ၏ အသေးစိတ်အား ရေးသားပါ။
+ Attach a file

အကြောင်းအရာနှင့်ပတ်သက်ပြီး လိုအပ်ပါက မိမိရိုက်ထားသည့် Screenshot (သို့) အထောက်အထား/သက်သေခံပုံများအား Attach a file ကိုနှိပ်၍ ပူးတွဲထည့်သွင်းပေးပါ။

အချက်အလက်များပြည့်စုံစွာ ထည့်သွင်းပြီးပါက ''SUBMIT'' ကိုနှိပ်ပြီး Ticket တစ်စောင် တင်နိုင်ပါပြီ! (အချက်အလက်များဖြည့်ရန် ကျန်ရှိနေပါက ''SUBMIT'' ခလုတ်အားနှိပ်၍ မရနိုင်ပါ)
Ticket အများစုအတွက် Rider Support မှ အကြောင်းပြန်စာကို (၂၄နာရီအတွင်း) ရရှိမှာဖြစ်ပြီး လုပ်အားခနှင့်သက်ဆိုင်သော အကြောင်းအရာကိစ္စများ၊ ပိုမိုရှုပ်ထွေးသောကိစ္စများအတွက် အခြား team များနှင့်ပူးပေါင်းဆောင်ရွက်ရတာကြောင့် ထိုကဲ့သို့ Ticket များအား (၂ရက်အတွင်း) အကြောင်းပြန်ပေးသွားပါမည်။
Rider Support မှ အကြောင်းပြန်စာများအား အောက်ပါဗီဒီယိုတွင် ဖော်ပြထားသည့်အတိုင်း ကြည့်ရှု့နိုင်ပါသည်။