
နေ့စဉ်အော်ဒါပို့ဆောင်ရာမှာ panda rider များတွက် ဘေးကင်းလုံခြုံစေဖို့က ကျွန်တော်တို့ foodpanda ရဲ့ထိပ်တန်း ဦးစားပေးအရာတွေထဲကတစ်ခုဖြစ်ပါတယ်။ အလုပ်ချိန်အတွင်း လမ်းမတွေပေါ် နေ့စဉ်ပို့ဆောင်မှုများပြုလုပ်နေရတဲ့ ကျွန်တော်တို့ panda rider တွေဟာ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ ကြုံတွေ့ရတတ်ပြီး ထိခိုက်မှုအမျိုးမျိုးလည်းဖြစ်လာနိုင်ပါတယ်။
ဒီလိုကြိုတင်မသိနိုင်တဲ့ ထိခိုက်မှုများ၊ မတော်တဆဖြစ်ရပ်များနဲ့ကြုံတွေ့ရတဲ့အခါ panda rider တို့အတွက် တစ်ဖက်တစ်လမ်းကနေ ငွေကြေးအထောက်အပံ့တစ်ခုရရှိစေဖို့အတွက် foodpanda ဘက်ကနေ မိတ်ဖက်အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ ဧရာမြန်မာ အသက်အာမခံ (AMI LIFE) နဲ့အတူ ပူးပေါင်းပြီး အထူးသက်သာသော ဈေးနှုန်းတွေနဲ့ အာမခံကာကွယ်မှုတွေကို ၂၀၂၂ မေလ(၂၅)ရက်နေ့ ကနေစတင်ပြီး လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အသိပေးလိုပါတယ်။
အသက်အာမခံထားရှိမှုနဲ့ပတ်သက်ပြီး panda rider တို့အနေနဲ့ သိရှိထားရမယ့် အချက်အလက်တွေအပြင် အာမခံ၀ယ်ယူနိုင်မယ့်ပုံစံ အသေးစိတ်အချက်အလက်တွေကို အောက်မှာဆက်လက်ကြည့်ရှု့နိုင်ပါတယ်။ ထူးခြားတာလေးကတော့ panda rider တွေက အာမခံအကာအကွယ်ကို ငွေ (၁၀၀) ကျပ်နဲ့ (၁) ရက်တာ အာမခံအကာအကွယ်ကစပြီး ဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။
ဒါ့အပြင် batch အလိုက် အကောင်းဆုံးကြိုးစားလုပ်ကိုင်လျက်ရှိတဲ့ panda rider တို့ထဲက နောက်ထပ်မိတ်ဖက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zega Finance မှာစမတ်ဖုန်း အရစ်ကျဝယ်ယူခွင့်ရရှိသူ panda rider များအနေနဲ့ ဖုန်းအရစ်ကျဝယ်ယူတဲ့အချိန်မှစကာ ငွေပြန်သွင်းရသည့်ကာလ (၃) လအတွင်းအခမဲ့အသက်အာမခံအကာအကွယ်ကို အလိုအလျောက်ရရှိမှာလည်းဖြစ်ပါတယ်။
1.png)
2.png)
3.png)
