အသုံးအဆောင်ပစ္စည်းများ
မိတ်ဖက်ပို့ဆောင်သူအဖြစ်လုပ်ကိုင်မည့် Rider များအနေဖြင့် အော်ဒါပို့ဆောင်ရာတွင် မဖြစ်မနေအသုံးပြုရမည့် အောက်ပါပစ္စည်းများအား ပို့ဆောင်မှုများမစတင်မှီ foodpanda မှ ဝယ်ယူထားရမည်ဖြစ်သည်။ ပို့ဆောင်ရာတွင်အသုံးပြုရမည့်ပစ္စည်း (Equipment) များကိုလည်း သက်ဆိုင်ရာရုံးများတွင်သာ ဝယ်ယူရရှိနိုင်ပါမည်။





Rider အသစ်များအတွက်
အသုံးအဆောင်ပစ္စည်းများ(Equipment) အတွက် ဈေးနှုန်း
အမျိုးအစား
၁
ပုံမှန်ဈေးနှုန်း
အထူးဈေးနှုန်း
၉၉,၀၀၀ ကျပ်
၈၅,၀၀၀ ကျပ်
အမျိုးအစား
အင်္ကျီလက်ရှည်
Delivery ပုံး
စက်ဘီး/ဆိုင်ကယ်စီး
ဦးထုပ်
မိုးကာအင်္ကျီ
၁
အသုံးအဆောင်ပစ္စည်းများအတွက် အရစ်ကျဝယ်ယူနိုင်သည့်အစီစဉ်
အမျိုးအစား(၁)တွင် ဖော်ပြထားသည့် အသုံးအဆောင်ပစ္စည်းများအတွက် ပို့ဆောင်သူအနေဖြင့်ကနဦး ငွေကျပ် ၄၀,၀၀၀ အား ရုံးတွင်ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသောငွေအတွက် ပို့ဆောင်သူ၏ အပတ်စဉ်ရရှိသော လုပ်အားခထဲမှ ငွေကျပ် ၁ သောင်းနှုန်းဖြင့် စုစုပေါင်း ၈၅,၀၀၀ ကျပ် ပြည့်သည်အထိ နုတ်ယူပေးသွားမည်ဖြစ်ပါသည်။
အထက်ပါ ပို့ဆောင်ရာတွင် အသုံးပြုရမည့်ပစ္စည်းများအား ရရှိပြီးပါက ပို့ဆောင်သူအနေနဲ့ဖြင့် အလုပ်ချိန်အတွင်းမှာ အမြဲမပျက်မကွက် အသုံးပြုပြီး ပို့ဆောင်ရန်အထူးလိုအပ်သည်။
FAQs
အလုပ်မစခင် ဘာတွေကို စစ်ဆေးယူဆောင်ထားဖို့ လိုအပ်မလဲ?
အလုပ်မစခင် ဘာတွေကို စစ်ဆေးယူဆောင်သွားရမလဲ?
-
အင်တာနက် data ရှိပြီး အားအပြည့်သွင်းထားသော ဖုန်းတစ်လုံး
-
အားအပြည့်သွင်းထားသော Power Bank တစ်ခု
-
ကြံ့ခိုင်မှုရှိသော စက်ဘီး/ ဆိုင်ကယ် (ဆီရှိ/မရှိ စစ်ဆေးပါ)
-
ပိုက်ဆံ အကြွေများ



