top of page

ပြီးခဲ့သည့်ရက်များတွင် panda rider များနှင့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် panda rider များအနေဖြင့် ပို့ဆောင်ရမည့်လိပ်စာ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
ပို့ဆောင်ရမည့် Customer ၏လိပ်စာနှင့်ပတ်သက်ပြီး ပို့ဆောင်ရမည့်လိပ်စာ မှားယွင်းခြင်း (သို့) ပို့ဆောင်ရမည့်လိပ်စာသည် ဇုန်ဧရိယာပြင်ပသို့ရောက်နေခြင်း စသည့်အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ ပို့ဆောင်ရေးအက်ပ်အတွင်း (နားကြပ်ပုံ)မှတဆင့် အကြောင်းကြား၍ ပုံပါညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။

မူလပို့ဆောင်ရမည့်လိပ်စာမှ လိပ်စာအသစ်သို့ ပြောင်းလဲ၍ အော်ဒါပို့ဆောင်ရမည့်အခြေအနေမျိုးတွင် အော်ဒါအားပြီးမြောက်အောင်ပို့ဆောင်ပြီးပါကအပိုကြေးထပ်မံရရှိနိုင်ပါမည်။
bottom of page