top of page
pandago guide cover.png

ပို့ဆောင်သူအသစ်အတွက်ရရှိမယ့် ဘောနပ်စ် (May 12, 2022)

refer a friend copy.png

အမေးများသောမေးခွန်းများ

pandago (သို့) ဇုန်ကျော်ပို့ဆောင်ရေး (Croos-Zone Delivery) ဆိုတာ ဘယ်လိုမျိုးလဲ?

မိမိဇုန်အတွင်းမှ အော်ဒါကိုလက်ခံပြီး အခြားဇုန်တစ်ခုအတွင်း ပို့ဆောင်ခြင်းကို ဇုန်ကျော်ပို့ဆောင်ရေး (Cross-Zone Delivery) လို့ခေါ်ပါတယ်။ သို့သော် အခြားဇုန်မှမှာယူတဲ့ အော်ဒါများကိုတော့ လက်ခံပို့ဆောင်ရမှာမဟုတ်ပါဘူး။

ဇုန်ကျော်ပို့ဆောင်ရတဲ့အခါ ဇုန်ပြင်ပသို့ရောက်ရှိနေခြင်းကြောင့် အနား(Break)ပေးခံရနိုင်လား?

မခံရနိုင်ပါဘူး။ ဒါပေမယ့် ဇုန်အပြင်သို့ သွားရောက်အော်ဒါပို့ဆောင်ပြီးသည့်အခါ နောက်ထပ်ဝင်လာမယ့် အော်ဒါအသစ်များ ဆက်လက်လက်ခံပို့ဆောင်နိုင်ဖို့အတွက် မိမိရဲ့သတ်မှတ်ဇုန်အတွင်း ပြန်လည်ရောက်ရှိနေရပါမယ်။

ဇုန်အပြင်တွင် အော်ဒါပို့ဆောင်အပြီး မိမိရဲ့ဇုန်အတွင်းသို့ ပြန်လည်ရောက်ရှိရမည့် အချိန်သတ်မှတ်ချက်ရှိပါသလား? သတ်မှတ်ချက်ရှိပါက အချိန်မည်မျှရရှိပါသလဲ?

ရှိပါတယ်။ အော်ဒါပို့ဆောင်ပြီးစီးပါက မိမိရဲ့ဇုန်အတွင်းပြန်လာရန် အများဆုံးအချိန်(၂)နာရီ ရရှိမှာပါ။

ဇုန်ကျော်ပို့ဆောင်ရတဲ့ အော်ဒါတွေအတွက် လုပ်အားခပိုရမှာလား?

ရရှိပါမယ်။ ဝေးဝေးပို့ဆောင်လေ များများပိုရလေဖြစ်ပါတယ်။ အော်ဒါမပို့ဆောင်ခင် အော်ဒါအတွက်ရရှိမယ့် ဝန်ဆောင်ခအကြောင်းကိုတော့ ယခုလင့်ခ် ကတဆင့် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

pandago အော်ဒါအား လက်ခံပို့ဆောင်ရန်ငြင်းဆိုပါက ကျွန်တော်/ကျွန်မရဲ့ အော်ဒါလက်ခံနှုန်း (Acceptance rate) ကို ထိခိုက်နိုင်ပါသလား?

ပုံမှန်အော်ဒါများအတိုင်း လက်ခံပို့ဆောင်ရန် ငြင်းဆိုပါက အော်ဒါလက်ခံမှုနှုန်း (Acceptance rate)ကို ထိခိုက်နိုင်ပါတယ်။

bottom of page