ops_cv.png

''Delivery bag(အခမဲ့) လဲလှယ်ပေးသွားမည့် အစီအစဉ်''

panda rider များ မင်္ဂလာပါ …
 

နေ့စဉ်အစားအသောက်နဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ အဓိကအသုံးပြုဖို့ လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ Delivery bag ကို panda rider တို့အတွက် (အခမဲ့)လဲလှယ်ပေးသွားမယ့် အစီအစဉ်တစ်ခုယူဆောင်လာခဲ့ပါပြီ။
 

ဒီလို (အခမဲ့)လဲလှယ်ပေးသွားမယ့် အစီအစဉ်မှာ လဲလှယ်နိုင်မယ့် panda rider တို့က အောက်ဖော်ပြပါအချက်တွေနဲ့ ကိုက်ညီမှုရှိဖို့တော့ လိုအပ်ပါမယ်နော်။

Delivery bag (အခမဲ့) လဲလှယ်ဖို့အတွက် panda rider အနေနဲ့က -

 

  1. foodpanda တွင် အနည်းဆုံး (၆)လအထက် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စုစုပေါင်းအော်ဒါ အကြောင်းအရေ
    (၂,၀၀၀) ပို့ဆောင်ထားမှုရှိသူဖြစ်ရမည်။

  2. ၂၀၂၂ ဇူလိုင်လ (၁) ရက်မှ (၃၀) ရက်အတွင်း အနည်းဆုံး အော်ဒါအကြောင်းအရေ(၁)ကြောင်း ပို့ဆောင်ထားမှုရှိရပါမည်။

  3. ယခုအစီအစဉ်တွင် ပါ၀င်လဲလှယ်ခွင့်ရရှိသူသည် မိမိ၏ကိုယ်ပိုင် panda rider အကောင့်ဖြင့် အလုပ်လုပ်ကိုင်နေသူ
    ဖြစ်ရမည်ဖြစ်ပြီး လာရောက်ထုတ်ယူသည့်အခါတွင်လည်း ကိုယ်ရေးအချက်အလက်မှန်ကန်မှုရှိမှသာလျှင် လဲလှယ်ခွင့်
    ရရှိမည်ဖြစ်သည်။

ဖော်ပြပါစာရင်းမှာပါရှိတဲ့ panda rider တို့က မကြာခင် ပို့ဆောင်ရေးအက်ပ်ပလီကေးရှင်းရဲ့  Inbox မှတဆင့် အသုတ်အလိုက် လာရောက်လဲလှယ်နိုင်မယ့်နေ့ရက်၊ အချိန်နဲ့နေရာကို အသေးစိတ်လက်ခံရရှိမှာဖြစ်ပြီး panda rider အနေနဲ့လက်ခံရရှိတဲ့စာတိုနဲ့အတူ သက်ဆိုင်ရာ foodpanda hub ဘက်မှာ ပြသပြီးတော့ လဲလှယ်လို့ရမှာဖြစ်ပါတယ်နော်။