Cancelled orders cover.png

Cancel ဖြစ်သည့် အော်ဒါအား 
ဆိုင်သို့ ပြန်လည်ပို့ဆောင်ခြင်း

foodpanda မှ မှာယူထားသော အစားအသောက်၊ ကုန်ခြောက်ပစ္စည်း၊ အီလက်ထရောနစ်နှင့် အသုံးအဆောင်ပစ္စည်းများမှာယူသည့် မည်သည့်အော်ဒါမဆိုမျှော်လင့်ဘဲ Cancel ဖြစ်ပွားပါက သတ်မှတ်ထားသည့် ဆိုင်နေရာသို့ သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံရမည်ဖြစ်ပြီးပို့ဆောင်ရေးအက်ပ်၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
 

ဆိုင်သို့ သတ်မှတ်ထားချိန်အတွင်း ပြီးမြောက်အောင် ပြန်လည်ပို့ဆောင်ထားသည့် ၁ ကီလိုမီတာနှင့်အထက် အကွာအဝေးရှိသော Cancel ဖြစ်သည့် အော်ဒါများအတွက်လည်း Panda Rider များအနေဖြင့် ပြန်လည်ပို့ဆောင်ခရရှိမည်ဖြစ်ပါသည်။ 
 

​သတ်မှတ်ချိန်အတွင်း ဆိုင်သိုပြန်လည်အပ်နှံခြင်းမရှိသော အော်ဒါများအနေဖြင့် အော်ဒါ၏ကျသင့်ငွေပမာဏအတိုင်း Panda Rider တို့ရဲ့ Wallet အတွင်း ရောက်ရှိသွားမှာဖြစ်ပြီး foodpanda biller အကောင့်သို့ ပြန်လည်အပ်နှံရမည့်ငွေပမာဏအဖြစ် မှတ်ယူသွားမည်ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ

Cancel  ဖြစ်သွားသည့်အော်ဒါအား သက်ဆိုင်ရာဆိုင်သို့ ပြန်လည်ပို့ဆောင်ရသည့်အတွက် ဝန်ဆောင်ခရရှိမှာလား?

ဆိုင်သို့ပြန်လည်ပို့ဆောင်ရန် သတ်မှတ်ထားသည့်အချိန်အတွင်း ၁ ကီလိုမီတာနှင့်အထက်အော်ဒါများအား လုပ်ဆောင်ရမည့်လမ်းညွှန်ကြားချက်များအတိုင်း ဆိုင်သို့ပြန်လည်ပို့ဆောင်ထားပြီးပါက ပြန်လည်ပို့ဆောင်ခရရှိပါမည်။ 

အော်ဒါပစ္စည်းပြန်လည်ပို့ဆောင်ရမည့်ဆိုင်သို့ရောက်ရှိပါက မည်သို့ဆက်လက်လုပ်ဆောင်ရပါမလဲ?

အော်ဒါပစ္စည်းပြန်လည်ပို့ဆောင်ရမည့်ဆိုင်သို့ရောက်ရှိပါက မည်သို့ဆက်လက်လုပ်ဆောင်ရပါမလဲ?
ဆိုင်ရှင်/ ဝန်ထမ်းအား ''မင်္ဂလာပါ ... foodpanda ကပါ။  အော်ဒါ Cancel  ဖြစ်သွားတဲ့အတွက် ဆိုင်သို့လာရောက်ပြန်လည်အပ်နှံတာဖြစ်ပါတယ်''ဟုပြောပြပြီးလျှင် ဆိုင်သို့ပြန်လည်အပ်နှံပြီးကြောင်း ပို့ဆောင်မှုသက်သေ(Proof of delivery)အဖြစ်ဓာတ်ပုံရိုက်ယူထားရန် လိုအပ်ပါသည်။ လိုအပ်ပါက သက်ဆိုင်ရာဆိုင်မှ Cancel order ပြန်လည်ထားရှိမှုစာရင်းတွင် လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

pod copy.png

အော်ဒါ Cancel  ဖြစ်ပါက ဆိုင်သို့ ပြန်လည်ပို့ဆောင်ရန် အချိန်မည်မျှရရှိပါသလဲ?

 ပြန်လည်ပို့ဆောင်ရမည့် အကွာအဝေးအလိုက် လုံလောက်သည့်အချိန်တစ်ခုရရှိပါသည်။ သို့သော် Cancel ဖြစ်သည်ဟုသိရှိပါက လုပ်ဆောင်ရမည့်လမ်းညွှန်ချက်များအတိုင်း နှောင့်နှေးခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်သွားရန် သေချာပါစေ။

Cancelအော်ဒါအား  ဆိုင်သို့ပြန်လည်ထားရှိခြင်းမရှိပဲ Drop off နှိပ်ပါက ဘာဖြစ်နိုင်မလဲ?

Cancelအော်ဒါအား  ဆိုင်သို့ အမှန်တကယ်ပြန်လည်ထားရှိခြင်းမရှိပဲ Drop off နှိပ်ပါက  အော်ဒါ၏တန်ဖိုးအတိုင်းပေးလျော်ရမည့်အပြင် မိမိအကောင့်အား အနားပေးခံရသည်အထိ အပြစ်ပေးခံရနိုင်ပါသည်။

အော်ဒါ(၂)ခုလက်ခံထားပြီး အော်ဒါ(၁)ခုသည်Cancelဖြစ်ပေါ်လာပါက မည်သို့လုပ်ဆောင်ရမလဲ?

အော်ဒါ(၂)ခုအနက် (၁)ခုသည်Cancelဖြစ်ပေါ်ပါက ပို့ဆောင်ရန်ကျန်ရှိနေသော နောက်အော်ဒါတစ်ခုအား ဖော်ပြထားသောတည်နေရာသို့ ဦးစွာသွားရောက်ပို့ဆောင်ပါ။ ထို့နောက် Cancelအော်ဒါအား သက်ဆိုင်ရာဆိုင်သို့မဖြစ်မနေသွားရောက်ပို့ဆောင်ရမည်ဖြစ်ပါသည်။

Cancel ဖြစ်သွားသောအော်ဒါတိုင်းအတွက် ဆိုင်သို့ပြန်ထားရန်လိုအပ်ပါသလား?

Cancel ဖြစ်သွားသော အော်ဒါတိုင်းအတွက် သက်ဆိုင်ရာ ဆိုင်သို့ပြန်ထားရမည်ဖြစ်ပါသည်။