အော်ဒါလိုအပ်ချက်အရ အလိုအလျောက်
အလုပ်ချိန်ထပ်တိုးတောင်းဆိုနိုင်သည့်
လုပ်ဆောင်ချက်
[Automated Shifts Extension]
တစ်ခါတရံ အော်ဒါမှာယူမှုအများဆုံးရှိတဲ့အချိန် (Peak Hours) တွေမှာ အော်ဒါများပိုကျတတ်တာကြောင့် အဲ့ဒီအချိန်တွေမှာ ကိုယ့်ရဲ့အလုပ်ချိန်ပြီးဆုံးပြီးသည့်တိုင် ထပ်ဆောင်းအနေနဲ့ ဆက်လက်ပြီးအော်ဒါလက်ခံပို့ဆောင်နိုင်မယ့် ပို့ဆောင်သူတို့ရဲ့အကူအညီကို ကျွန်တော်တို့လိုအပ်ပါတယ်။
တကယ်လို့ အလုပ်ချိန်ပြီးဆုံးသွားသည့်တိုင် နောက်ထပ် ၃၀မိနစ် အထိ အော်ဒါများဆက်လက် လက်ခံပို့ဆောင်ဖို့ ဆန္ဒရှိတယ်ဆို အလုပ်ချိန်မစတင်ခင်မှာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုထားနိုင်ပါတယ်။
လုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုရမလဲ?
အလုပ်ချိန်မစတင်မှီ ''I am available to extend my shift'' ဆိုတဲ့နေရာကို ''On'' ထားလိုက်တာနဲ့ အော်ဒါမှာယူမှုများတဲ့အခြေအနေ (Peak Hours) တွေမှာ အလုပ်ပြီးဆုံးခါနီး စစ်စတမ်ဘက်မှ အလိုအလျောက် အချိန်တိုးပေးသွားမှာဖြစ်ပါတယ်။
Shift ပြီးဆုံးခါနီးမှာ တောင်းဆိုထားတဲ့အလုပ်ချိန်ကို စစ်တမ်ဘက်မှ အလိုအလျောက်တိုးပေးပြီးကြောင်း အသိပေးစာနဲ့အတူ ထပ်ဆောင်းအလုပ်ချိန်တိုးသွားမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုက အော်ဒါလိုအပ်ချက်ပေါ်မူတည်ပြီး စစ်တမ်ဘက်မှ အလိုအလျောက်ပြုလုပ်ပေးတာမို့ နားကြပ် (Dispatch)မှတဆင့် တောင်းဆိုမှုမပြုလုပ်နိုင်တာကို သိရှိထားစေလိုပါတယ်။
အမေးများသောမေးခွန်းများ