
အလိုအလျောက် အော်ဒါလက်ခံပေးသည့်
လုပ်ဆောင်ချက်ခလုတ်
[Auto-accept feature]
သတင်းကောင်း! panda rider တို့စောင့်မျှော်နေကြတဲ့ အလိုအလျောက် အော်ဒါလက်ခံပေးသည့် လုပ်ဆောင်ချက်ခလုတ် (Auto Accept) ကို Android အသုံးပြုသူများအနေနဲ့ ၂၀၂၂ ဇွန်လ(၇)ရက်နေ့မှစပြီး စတင်အသုံးပြုနိုင်တော့မှာပါ။ ဒီလုပ်ဆောင်ချက်ကို အလုပ်ချိန်စတင်လိုက်တဲ့နောက် ‘’Status’’ စာမျက်နှာမှာမြင်ရတဲ့ ‘’Auto accept orders’’ ခလုတ်ကို ‘’On’’ ပေးထားရုံနဲ့ ၀င်လာသမျှအော်ဒါတွေကို အလိုအလျောက်လက်ခံထားပြီးသားဖြစ်နေမှာဆိုတော့ အော်ဒါဝင်လာတဲ့အသံကို မကြားမိလိုက်မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့နော်။
Auto Accept လုပ်ဆောင်ချက် ခလုတ်လေးနဲ့ပတ်သက်ပြီး panda rider တို့ သိရှိထားရမယ့်အချက်လေးတွေကိုလည်း ပြောပြချင်ပါတယ်။ ဒါက -
-
မိမိဖုန်းထဲက ပို့ဆောင်ရေးအက်ပ်ကို နောက်ဆုံးဗားရှင်းမြှင့်ပြီးအသုံးပြုနေတဲ့ Android user များအနေနဲ့ ဒီလုပ်ဆောင်ချက်ခလုတ်လေးကို တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပြီး iOS user များအတွက်တော့ လတ်တလောမပါဝင်သေးပါဘူး။
-
panda rider အနေနဲ့ ပို့ဆောင်ရေးအက်ပ်ရဲ့မျက်နှာပြင်ပေါ်ရှိနေတဲ့အချိန်မှာသာ Auto Accept လုပ်ဆောင်ချက်က အော်ဒါတွေကိုအလိုအလျောက် လက်ခံပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ - panda rider အနေနဲ့ အခြားအက်ပ်တစ်ခုပေါ်ရောက်ရှိအသုံးပြုနေတဲ့အခါ အော်ဒါဝင်လာတဲ့အသံကိုသာ ကြားရမှာဖြစ်ပြီး အော်ဒါကိုအလိုအလျောက် လက်ခံသွားမှာမဟုတ်ပါဘူး။
-
Auto Accept ခလုတ်ကိုဖွင့်ထားတဲ့အခါ အော်ဝင်လာတာနဲ့ အော်ဒါယူဆောင်ရမယ့်ဆိုင်ရဲ့လိပ်စာ အချက်အလက်သိရှိနိုင်တဲ့စာမျက်နှာထံ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး အော်ဒါအတွက်ရရှိမယ့် ပို့ဆောင်ခကို မြင်ရမှာမဟုတ်ဘဲ ထိုအော်ဒါကိုပို့ဆောင်ပြီးမှသာ ပုံမှန်ကြည့်ရှု့နေကျအတိုင်း Menu bar> Payment နေရာမှာ ပြန်လည်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။
-
အလုပ်ချိန်အတွင်း Auto Accept ခလုတ်ကို မိမိဆန္ဒအလျောက် ‘’On/Off’’ ပြုလုပ်ထားပြီး အသုံးပြုနိုင်ပါတယ်။
တကယ်လို့ Auto Accept ခလုတ်ကို ပို့ဆောင်ရေးအက်ပ်ရဲ့ ‘’Status’’ စာမျက်နှာမှာ မမြင်ရသေးဘူးဆို Play Store မှာ မိမိရဲ့အက်ပ်ကို နောက်ဆုံးဗားရှင်းမြှင့်ပြီး ပြန်လည်အသုံးပြုကြည့်ဖို့ မမေ့နဲ့နော်။

.png)